နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ၊ အဆိုေတာ္ ဆုပန္ထြာ ရဲ့ အမ်ိဳးသား ကို ဥကၠာေက်ာ္ ကေတာ့ အႏုပညာမ်ိဳးရိုး မရွိတဲ့ သာမာန္လူတစ္ေယာက္ ျဖစ္ေပမယ့္ ဒါရိုက္တာ လူမင္း ရိုက္ကူးတဲ့ ေအာင္ဆန္း ႐ုပ္ရွင္မွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ကိုဥကၠာေက်ာ္ က ေအာင္ဆန္း ႐ုပ္ရွင္မွာ အေရးပါတဲ့ ဇာတ္ေကာင္ ျဖစ္တဲ့ ဂဋုန္ဦးေစာ ေနရာမွာ ပါဝင္ သ႐ုပ္ေဆာင္ ၿပီး တစ္ေထာင့္ တစ္ေနရာက ေန ပါဝင္ကူညီေပးခဲ့တာ ပဲ ျဖစ္ပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္ ဇာတ္ကားက ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္ ဒီဇင္ဘာလ မွာ ရိုက္ကူးျခင္း လုပ္ငန္းစဥ္မ်ားအားလုံး ၿပီးဆုံးသြားခဲ့ၿပီး ပရိသတ္ေတြ ဆီခ်ျပနိုင္ဖို႔ ျပင္ဆင္ေနၾကၿပီပဲ ျဖစ္ပါတယ္။

ဒီက ေန႔မွာေတာ့ ကိုဥကၠာေက်ာ္ က ဂဋုန္ဦးေစာ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ ၿပီး ရရွိခဲ့တဲ့ အႏုပညာေၾကး (၂၅) သိန္းကို ေအာင္ဆန္း ႐ုပ္ရွင္ ထုတ္လုပ္ ျပသေရးအတြက္ လႉဒါန္းခဲ့ ေၾကာင္းကို “ေအာင္ဆန္း ႐ုပ္ရွင္တြင္ ဂဋုန္ဦးေစာ ေနရာ၌ ပါဝင္သ႐ုပ္ေဆာင္ သည့္အတြက္ လုပ္ငန္း ေကာ္မတီမွ ခ်ီးျမႇင့္ေသာ အႏုပညာေၾကး ေငြက်ပ္ ၂၅၀၀၀၀၀ိ/- (က်ပ္ႏွစ္ဆယ့္ငါးသိန္းတိတိ) ကို ကၽြန္ေတာ္ ဥိးဥကၠာေက်ာ္မွ ေအာင္ဆန္း ႐ုပ္ရွင္ ရိုက္ကူး ၊ ထုတ္လုပ္၊ ျပသေရးအတြက္ ျပန္လည္လႈဒါန္းခဲ့ပါတယ္။” ဆိုၿပီး အမ်ားသူ ငါ သာဓု ေခၚဆိုနိုင္ဖို႔ သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ မၽွေဝ ေပးလာတာပဲ ျဖစ္ပါတယ္။

ကိုဥကၠာေက်ာ္ ကေတာ့ အႏုပညာရွင္ တစ္ေယာက္မဟုတ္ေပမယ့္ ခ်စ္ဇနီး ဆုပန္ထြာ ရဲ့ ပ့ံပိုးေပးမႈ နဲ႔ ဒါရိုက္တာလူမင္း ရဲ့ သင္ၾကား ျပသေပးမႈေၾကာင့္ အခုလို သမိုင္းဝင္ ႐ုပ္ရွင္ဇာတ္ကားႀကီး မွာ ပါဝင္ ခြင့္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ေအာင္ဆန္း ႐ုပ္ရွင္ကို ေမၽွာ္လင့္ ေနၾကၿပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Okkar Kyaw i’s fb
Bilie – Cele Connections

UNICODE

နိုင်ငံကျော် သရုပ်ဆောင် ၊ အဆိုတော် ဆုပန်ထွာ ရဲ့ အမျိုးသား ကို ဥက္ကာကျော် ကတော့ အနုပညာမျိုးရိုး မရှိတဲ့ သာမာန်လူတစ်ယောက် ဖြစ်ပေမယ့် ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ အောင်ဆန်း ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဥက္ကာကျော် က အောင်ဆန်း ရုပ်ရှင်မှာ အရေးပါတဲ့ ဇာတ်ကောင် ဖြစ်တဲ့ ဂဋုန်ဦးစော နေရာမှာ ပါဝင် သရုပ်ဆောင် ပြီး တစ်ထောင့် တစ်နေရာက နေ ပါဝင်ကူညီပေးခဲ့တာ ပဲ ဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင် ဇာတ်ကားက ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဒီဇင်ဘာလ မှာ ရိုက်ကူးခြင်း လုပ်ငန်းစဉ်များအားလုံး ပြီးဆုံးသွားခဲ့ပြီး ပရိသတ်တွေ ဆီချပြနိုင်ဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

ဒီက နေ့မှာတော့ ကိုဥက္ကာကျော် က ဂဋုန်ဦးစော နေရာမှာ ပါဝင်သရုပ်ဆောင် ပြီး ရရှိခဲ့တဲ့ အနုပညာကြေး (၂၅) သိန်းကို အောင်ဆန်း ရုပ်ရှင် ထုတ်လုပ် ပြသရေးအတွက် လှူဒါန်းခဲ့ ကြောင်းကို “အောင်ဆန်း ရုပ်ရှင်တွင် ဂဋုန်ဦးစော နေရာ၌ ပါဝင်သရုပ်ဆောင် သည့်အတွက် လုပ်ငန်း ကော်မတီမှ ချီးမြှင့်သော အနုပညာကြေး ငွေကျပ် ၂၅၀၀၀၀၀ိ/- (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ) ကို ကျွန်တော် ဥိးဥက္ကာကျော်မှ အောင်ဆန်း ရုပ်ရှင် ရိုက်ကူး ၊ ထုတ်လုပ်၊ ပြသရေးအတွက် ပြန်လည်လှုဒါန်းခဲ့ပါတယ်။” ဆိုပြီး အများသူ ငါ သာဓု ခေါ်ဆိုနိုင်ဖို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေ ပေးလာတာပဲ ဖြစ်ပါတယ်။

ကိုဥက္ကာကျော် ကတော့ အနုပညာရှင် တစ်ယောက်မဟုတ်ပေမယ့် ချစ်ဇနီး ဆုပန်ထွာ ရဲ့ ပ့ံပိုးပေးမှု နဲ့ ဒါရိုက်တာလူမင်း ရဲ့ သင်ကြား ပြသပေးမှုကြောင့် အခုလို သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားကြီး မှာ ပါဝင် ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း အောင်ဆန်း ရုပ်ရှင်ကို မျှော်လင့် နေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Okkar Kyaw i’s fb
Bilie – Cele Connections