အဆိုတော် မနော ကတော့ လက်ရှိမှာ အောင်မြင်လျက် ရှိနေတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပြီး မြန်မာသံ သီချင်းကောင်းလေးတွေ များစွာ ကို သီဆိုခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။အဆိုတော် ညီမင်းခိုင် ကတော့ အနုပညာ လောကမှာ နေရာ တစ်ခုကို ရယူထား နိုင်ခဲ့ပြီး အောင်မြင်မှု တွေကို ဆွတ်ခူး ထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ မနော ဝေကြီး ညီမင်းခိုင် တို့ကတော့ ဇွန်လ ၁ ရက်နေ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ယာယီ အမှုဆောင် အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ယနေ့မှာတော့ မနော ဝေကြီး ညီမင်းခိုင်တို့၃ယောက်ဟာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှ တရားဝင် နှုတ်ထွက်လိုက် ကြပါတယ်။ညီမင်းခိုင် ကတော့ ယာယီ အမှုဆောင် အဖွဲ့မှာ စည်းရုံးရေးမှူး အဖြစ်တာဝန် ခန့်အပ် ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ညီမင်းခိုင်ကတော့ ” အချိန်မျိုးမှာ လက်ခံဖို့ ခက်ခဲတဲ့ အရာမို့ လူကြီးမင်းများအားလုံး နားလည် ပေးကြပါရန် လေးစားစွာ ဖြင့်နှုတ်ထွက် အပ်ပါသည် “ဆိုပြီး နှုတ်ထွက် လိုက်တဲ့ အကြောင်း လူမှု့ ကွန်ယက် စာမျက်နှာ ထက်မှာ ရေးသားထားခဲ့ ပါတယ်။

အဆိုတော် မနော ကတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ယာယီ အမှုဆောင် အဖွဲ့မှာ အမှုဆောင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။ မနောကတော့ အနုပညာ ပိုင်းမှာ ဝါသနာ ရှင်သာဖြစ်ပြီး ပညာရှင် မဟုတ်တဲ့ အကြောင်း၊ အသက် ၃ ၈ နှစ်သာရှိသေး တာကြောင့် အားနည်းချက်တွေ များစွာ ရှိပြီး ယာယီအမှုဆောင် အဖွဲ့ဝင် အဖြစ်နဲ့ မသင့်တော် တာကြောင့် ခွင့်လွတ် နားလည်ပေးစေ လိုတဲ့ အကြောင်း ရေးသား ထားခဲ့တာပဲ ဖြစ်ပါတယ်။ ယာယီအမှုဆောင် အဖွဲ့မှ တရားဝင် နှုတ်ထွက်ကြောင်း ရေးသားထား တဲ့ အဆိုတော်မနော ရဲ့ စာလေးကို ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်။

စစ်ကောင်စီ က ယခုရက်ပိုင်း အတွင်း အတည်ပြု ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီ အလုပ်အမှုဆောင် အဖွဲ့မှာ နိုင်ငံကျော် ကျေးလက်အဆိုတော် မနော၊ လူငယ်ကြိုက် အဆိုတော် ညီမင်းခိုင် နဲ့ နာမည်ကျော် တေးရေး တေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော် တို့ကို ထည့်သွင်း ဖွဲ့စည်းခဲ့ ကြောင်း သိရပါတယ်။အဆိုတော် မနောကတော့ အဲဒီအဖွဲ့မှာ သူ့နာမည်ကို ထည့်သွင်းထားတာ ဒီနေ့မ နက်မှ သိရပြီး သိသိချင်းပဲ စာပို့ပြီး သူမလုပ်နိူင်ကြောင်းကို မေတ္တာရပ်ခံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။“ဒီမနက် ကမှ သိရတာဖြစ်ပါတယ်။ ကျနော် သိသိ ချင်းပဲ မေတ္တာရပ် ခံစာ ပို့ထားပါတယ်”လို့ မနောက သူ့ရဲ Facebook မှာ ရေးသားထားပါတယ်။အလားတူ အဆိုတော် ညီမင်းခိုင်ကလည်း အဲဒီအဖွဲ့မှာ သူမလုပ်နိုင်လို့ နှုတ်ထွက်ပါတယ်လို့ ထုတ်ပြန်ပါတယ်။“ကိုယ့်ချစ်သူတောင် မစည်း ရုံးနိုင်တာဗျာ၊ လူကြမင်း များအားလုံး နားလည်ပေးကြပါ။ လေးစားစွာဖြင့် နှုတ်ထွက် အပ်ပါသည်”လို့ ညီမင်းခိုင်က သူ့ Facebook မှာ ရေးသား ထားပါတယ်။

နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်ကလည်း သူဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင် လုံးဝမဟုတ်ကြောင်း သူ့ရဲ့ Facebook ကနေ ရေးသားပြောဆိုပါတယ်။စစ်ကောင်စီက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) (ယာယီ)မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန် ယူထားပါတယ်။အဆိုပါ အဖွဲ့အစည်း ရဲ့ နာယကတွေ အဖြစ် ဗိုလ်ကလေးတင့်အောင်၊ အဆိုတော် တင်တင်မြ၊ ဟင်္သာတ မြင့်ငွေ၊ တင်ဦးလေး၊ မြန်မာပြည် သိန်းတန်တို့က တာဝန်ယူ ထားပါတယ်။အလုပ်အမှုဆောင် အဖွဲ့မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဦးကြည်မင်းသိန်း၊ အဆိုတော် S ကဲနက်တို့အပါအဝင် မြန်မာသံနဲ့ ခေတ်ပေါ်တေးရေး၊ တေးဂီတ တီးခတ်သူ ပညာရှင်အချို့က အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်နေကြောင်း သိရပါတယ်။

#Ayeyarwaddy_Times