ပရိသတ်ကြီးရေ အုပ်စိုးခန့် ကတော့ အဆိုဘက်မှာ သာမက သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်တဲ့ အုပ်စိုးခန့်ကတော့ ဇာတ်လမ်းတွဲတွေမှာ လည်း​ပါဝင်ရိုက်ကူးထားခဲ့သူဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ချိုသာတဲ့အသံပိုင်ရှင်တစ်ဦးပါ။ အမြဲသီချင်းတွေကို နားဝင်ချိုအောင်သီဆိုနိုင်ပြီး ဆယ်ကျော်သက် အမျိုးသမီးထု ကြီးရဲ့ အသည်းကျော် အဆိုရှင်လို့တောင် ပြောရမှာပါ။

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ အဆိုတော်ဂီတ အနုပညာသမားတွေ နဲ့ အတူ ဘန်ကောက်မှာ ရိုက်ကူးရေးတွေ ပြုလုပ်လျက်ရှိတာပါ။ live လေးလွှင့်ကာ ပရိသတ်တွေကို သူနဲ့အတူ စုပေါင်းကာ ရိုက်ကူးရေး ပြုလုပ်နေတဲ့ ဂျပန်အနုပညာရှင် အဖွဲ့ နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

ပရိသတ်တွေလည်း အုပ်စိုးခန့် ရဲ့ ဆန်းသစ်တီထွင်ပြီး ဂျပန် နိုင်ငံသားအဆိုတော်အဖွဲ့ နဲ့ ပေါင်းစပ်ဖန်​တီးထားတဲ့ ရိုက်ကူး​မှုတွေ ထွက်လာရင် အားပေးကြဖို့အသင့်ပဲလားဆိုတာ မှတ်ချက် ပေးခဲ့ ပါဦးနော်။

Koe-CeleGabar
Source- OakSoeKhant

ZAWGYI




Koe-CeleGabar
Source- OakSoeKhant