နိုင္ငံေက်ာ္ အဆိုေတာ္ ၊ သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလွိုင္ ကေတာ့ အႏုပညာ ေလာကမွာ ေအာင္ျမင္မႈ ေတြမ်ားစြာ ရရွိ ပိုင္ဆိုင္ထားသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလွိုင္ ကေတာ့ ေအာင္ျမင္မႈ ေတြမ်ားစြာရရွိထား သလို မၾကာခဏ ဆိုသလို အလႉအတန္းေတြ လည္း ျပဳလုပ္ေလ့ ရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာ လည္း စိုင္းစိုင္းခမ္းလွိုင္ က သူငယ္ငယ္က တက္ခဲ့တဲ့ ေတာင္ႀကီးၿမိဳ႕ က အထက္တန္းေက်ာင္း ေလးအတြက္ အလႉေငြေတြ မ်ားစြာလႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

စိုင္းစိုင္းခမ္းလွိုင္ က သူ႔ရဲ့ဇာတိၿမိဳ႕ ျဖစ္တဲ့ ေတာင္ႀကီးၿမိဳ႕ က အထက(၁) ေတာင္ႀကီး အထက္တန္းေက်ာင္း (၇၅) ႏွစ္ျပည့္ အထိမ္းအမွတ္ စာၾကည့္တိုက္ အေဆာက္အဦးအတြက္ အလႉေငြ သိန္း (၃၀) လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလွိုင္ က သူကိုယ္တိုင္လည္း အလႉေငြ ေတြထည့္ဝင္လႉဒါန္းခဲ့သလို ငယ္ငယ္ကေက်ာင္းေန ဖက္သူငယ္ခ်င္းေတြ ကိုလည္း တတ္နိုင္သေလာက္ ပါဝင္ထည့္ဝင္လႉဒါန္းေပး ၾကဖို႔ တိုက္တြန္းလာတာ ကို ေတြ႕ရပါတယ္။

စိုင္းစိုင္းခမ္းလွိုင္ ကေတာ့ သူ႔ရဲ့ ကေလးဘဝ ပညာသင္ယူခဲ့တဲ့ အထက္တန္းေက်ာင္း အတြက္ အျမဲတမ္းလိုလို သူတတ္နိုင္သ ေလာက္ တစ္ဖက္ တစ္လွမ္းကေန ကုသိုလ္ ယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စိုင္းစိုင္းခမ္းလွိုင္ ရဲ့ ကုသိုလ္ေလးအတြက္ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sai Sai Kham Leng ‘s fb
Bilie – Cele Connections

unicode

နိုင်ငံကျော် အဆိုတော် ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ကတော့ အနုပညာ လောကမှာ အောင်မြင်မှု တွေများစွာ ရရှိ ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ကတော့ အောင်မြင်မှု တွေများစွာရရှိထား သလို မကြာခဏ ဆိုသလို အလှူအတန်းတွေ လည်း ပြုလုပ်လေ့ ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ လည်း စိုင်းစိုင်းခမ်းလှိုင် က သူငယ်ငယ်က တက်ခဲ့တဲ့ တောင်ကြီးမြို့ က အထက်တန်းကျောင်း လေးအတွက် အလှူငွေတွေ များစွာလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့ဇာတိမြို့ ဖြစ်တဲ့ တောင်ကြီးမြို့ က အထက(၁) တောင်ကြီး အထက်တန်းကျောင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် စာကြည့်တိုက် အဆောက်အဦးအတွက် အလှူငွေ သိန်း (၃၀) လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် က သူကိုယ်တိုင်လည်း အလှူငွေ တွေထည့်ဝင်လှူဒါန်းခဲ့သလို ငယ်ငယ်ကကျောင်းနေ ဖက်သူငယ်ချင်းတွေ ကိုလည်း တတ်နိုင်သလောက် ပါဝင်ထည့်ဝင်လှူဒါန်းပေး ကြဖို့ တိုက်တွန်းလာတာ ကို တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ကတော့ သူ့ရဲ့ ကလေးဘဝ ပညာသင်ယူခဲ့တဲ့ အထက်တန်းကျောင်း အတွက် အမြဲတမ်းလိုလို သူတတ်နိုင်သ လောက် တစ်ဖက် တစ်လှမ်းကနေ ကုသိုလ် ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းခမ်းလှိုင် ရဲ့ ကုသိုလ်လေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Sai Kham Leng ‘s fb
Bilie – Cele Connections