UNICODE
တည်ကြည် ခန့်ညားပြီး ကိုရီးယား မင်းသားတွေလို ချောမော နေတဲ့ လူငယ်တွေပဲ ဖွဲ့စည်း ထားတဲ့ ProjectK အဖွဲ့လေး ကို ပရိသတ်တွေအားလုံး သိကြမယ်ထင်မယ်။ လူငယ်(၇) ယောက် တို့ဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့ရိုးရာအက နဲ့ အနောက်တိုင်း အကတွေကို ပေါင်းစပ်ပြီး ဖျော်ဖြေ ပေးနေတာဖြစ်ပါတယ်။ ProjectK အဖွဲ့လေးကတော့ နှုတ်ခမ်းနီမ လေးတွေရဲ့ အားပေး ဝန်းရံနေတဲ့ ချစ်စရာ အဖွဲ့လေးပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယား နိုင်ငံမှာလည်း မြန်မာကိုယ်စားပြု အနေနဲ့ ကပြဖျော်ဖြေပေး ခဲ့လို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတောင် အသိအမှတ်ပြု ထားခြင်းခံထားရတဲ့ အဖွဲ့လေးပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း ProjectK က သူတို့ရဲ့ လှုပ်ရှားမှုတွေ ကို ချစ်ခင် အားပေးတဲ့ သူတွေအတွက် ဖော်ပြ ပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ ProjectKက နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်မယ့် ဗီဒီယိုလေး ကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယို လေးထဲမှာတော့ ProjectK အဖွဲ့သားတွေက ငယ်ဘဝက ကလေးတွေဆော့ ကစားခဲ့သလို ပိုက်ဆံတွေ ခေါက်ပြီး မြေပေါ်မှာ ဖိနပ်တွေ နဲ့ ပစ်တိုင်း ဆော့ကစားနေ ကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေး နဲ့ လည်း ProjectKအဖွဲ့က ” ကျွန်တော်တို့ ငယ်ဘဝကို ခဏလောက် ပြန်သွားကြရအောင် ပွဲကိုစောရောက်နေလို့ အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်ကြတယ်” ဆိုပြီး ရေးသားဖော်ပြထား ပါသေးတယ်။ ကဲ…ပရိသတ်တွေလည်း ProjectK အဖွဲ့ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့် မိပါတယ်။
သတင်းအရင်းမြစ်: Video Credit & Source – ProjectK fb page