ဆင္းရဲ ႏြမ္းပါမႈေတြ ၾကားမွာ စားဝတ္ ေနေရးေတြ အတြက္႐ုန္းကန္ ေနရတဲ့အျပင္ ကေလးေတြလည္း အမ်ားႀကီးေမြးထား တာမို႔ မိသားစု အေျခအေနဟာ ပိုၿပီးက်ပ္တည္းလာတဲ့ အတိုင္းအတာ တစ္ခုမွ ကမၻာ မီးေလာင္ရင္ သားေကာင္ ခ်နင္းတတ္တဲ့ မိဘေတြ အမ်ားႀကီးပါပဲ။ အသက္ (၁၃) ႏွစ္အရြယ္ ကေလးတစ္ေယာက္ကို မိခင္က ငါးဖမ္းေလွ လိုက္ခိုင္း ေပမယ့္ ကေလး က မလိုက္ ခ်င္တာေၾကာင့္ ရိုက္ႏွက္ ခဲ့တဲ့ ဗီဒီယိုတစ္ခုကို ၾကည့္ၿပီး ေနာက္မွာေတာ့ ဂၽြန္လြင္တစ္ေယာက္ ဒီကေလးကို ကူညီဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ကူညီ ျဖစ္ခဲ့ပုံေတြ ကိုလည္း ” လိုင္းေပၚမွာ ငါးဖမ္းေလွ ကိုမလိုက္ခ်င္ လို႔အေမက ကေလးကို ရိုက္တဲ့ video ေလးကို ၾကည့္ၿပီး ကၽြန္ေတာ္ ကူညီရန္အဆက္သြယ္ရွာတဲ့အခါ ဧရာဝတီတိုင္း ၊ လပြတၱာၿမိဳ႕နယ္၊ ကကရံ ေက်းရြာ၊ ကုလားေခ်ာင္း ရပ္ကြက္က ရြာခံ ဆရာမ မအိမ်ိဳး ရဲ့ ဆက္သြယ္ေပးမႈ ေၾကာင့္ ဗီဒီယိုနဲ႔ အဆက္အသြယ္လုပ္ၿပီး ဒီကေလး ရဲ့ ပညာေရးကို ေထာက္ပံ့တဲ့အေန နဲ႔ တစ္လကို ငါးေသာင္း ေထာက္ပံ့ေပးသြားမွာပါ။ ”

” ဒါေၾကာင့္ အခု ေက်ာင္းပိတ္ေနတဲ့ ကာလအတြင္းမွာ သူ႔မိဘကို (၄) ေသာင္းေပးၿပီး ကေလးရဲ့ ပညာသင္ရန္ က်ဴရွင္စရိတ္ အတြက္ ေငြတစ္ေသာင္းကို ေလာေလာဆယ္ ေပးအပ္ သြားမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ဘက္က ေငြဆယ္သိန္း ကို ပထမအေန နဲ႔ မတည္ထား ေသာ္လည္း ေနာက္ပိုင္းတြင္ ကေလးရဲ့လိုအပ္ခ်က္မ်ားကို ကၽြန္ေတာ္မွ ထပ္မံၿပီး လႉဒါန္းသြားပါမယ္။ ” ဆိုၿပီး အားလုံး ထပ္တူ ဝမ္းသာရေအာင္ ေဝမၽွခဲ့ပါတယ္။

Happy – Cele Zone
Photo – John Lwin

UNICODE

ဆင်းရဲ နွမ်းပါမှုတွေ ကြားမှာ စားဝတ် နေရေးတွေ အတွက်ရုန်းကန် နေရတဲ့အပြင် ကလေးတွေလည်း အများကြီးမွေးထား တာမို့ မိသားစု အခြေအနေဟာ ပိုပြီးကျပ်တည်းလာတဲ့ အတိုင်းအတာ တစ်ခုမှ ကမ္ဘာ မီးလောင်ရင် သားကောင် ချနင်းတတ်တဲ့ မိဘတွေ အများကြီးပါပဲ။ အသက် (၁၃) နှစ်အရွယ် ကလေးတစ်ယောက်ကို မိခင်က ငါးဖမ်းလှေ လိုက်ခိုင်း ပေမယ့် ကလေး က မလိုက် ချင်တာကြောင့် ရိုက်နှက် ခဲ့တဲ့ ဗီဒီယိုတစ်ခုကို ကြည့်ပြီး နောက်မှာတော့ ဂျွန်လွင်တစ်ယောက် ဒီကလေးကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကူညီ ဖြစ်ခဲ့ပုံတွေ ကိုလည်း ” လိုင်းပေါ်မှာ ငါးဖမ်းလှေ ကိုမလိုက်ချင် လို့အမေက ကလေးကို ရိုက်တဲ့ video လေးကို ကြည့်ပြီး ကျွန်တော် ကူညီရန်အဆက်သွယ်ရှာတဲ့အခါ ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ်၊ ကကရံ ကျေးရွာ၊ ကုလားချောင်း ရပ်ကွက်က ရွာခံ ဆရာမ မအိမျိုး ရဲ့ ဆက်သွယ်ပေးမှု ကြောင့် ဗီဒီယိုနဲ့ အဆက်အသွယ်လုပ်ပြီး ဒီကလေး ရဲ့ ပညာရေးကို ထောက်ပံ့တဲ့အနေ နဲ့ တစ်လကို ငါးသောင်း ထောက်ပံ့ပေးသွားမှာပါ။ ”

” ဒါကြောင့် အခု ကျောင်းပိတ်နေတဲ့ ကာလအတွင်းမှာ သူ့မိဘကို (၄) သောင်းပေးပြီး ကလေးရဲ့ ပညာသင်ရန် ကျူရှင်စရိတ် အတွက် ငွေတစ်သောင်းကို လောလောဆယ် ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ဘက်က ငွေဆယ်သိန်း ကို ပထမအနေ နဲ့ မတည်ထား သော်လည်း နောက်ပိုင်းတွင် ကလေးရဲ့လိုအပ်ချက်များကို ကျွန်တော်မှ ထပ်မံပြီး လှူဒါန်းသွားပါမယ်။ ” ဆိုပြီး အားလုံး ထပ်တူ ဝမ်းသာရအောင် ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – John Lwin