သရုပ်ဆောင်မင်းမော်ကွန်း ကတော့တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေ နဲ့ အတူအမှန်တရားဘက်ကတစ်သားတည်း ပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရော် ပါဝင်ခဲ့တာကြောင့်ပုဒ်မ ၅၀၅ က ဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကို ရှောင်တိမ်းနေရပါတယ်။

ပြီးခဲ့တဲ့လ တွေတုန်းကဆိုရင်မင်းမော်ကွန်း ကဇနီးဖြစ်သူ၊သားဖြစ်သူတွေနဲ့လွှတ်မြောက်နယ်မြေသို့ ရောက်ရှိသွားပြီပဲဖြစ်ပါတယ်နော်။အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်မင်းမော်ကွန်း ကပြည်သူ့သူရဲကောင်းများအဖြစ်ပါဝင်လိုသူများကိုအခုလို​ပြတ်ပြတ်သားသားရှင်းပြလိုက်တာပဲဖြစ်ပါတယ်နော်။

မင်းမော်ကွန်းကCDM လုပ်ချင်သောပြည်သူ့စစ်သားများ ၊ ရဲများခင်မျာ ၊ ကျွန်တော်တို့ဘက်ကဝင်တိုက် ပေးစရာမလိုပါ၊ ပြည်သူ့သူရဲကောင်းများအဖြစ် မိသားစုစားဝတ်နေရေးလုံခြုံရေးကို စိတ်ချရအောင်ကူညီပါမယ် ခင်မျာ။သူရဲကောင်းလို ရှင်သန်မလား ခွေး​သေ ဝက်သေ သေမလားဆုံးဖြတ်ပါဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit…..

ZAWGYI




Credit…..