အခုခ်ိန္မွာေတာ့ ျပည္သူ ေတြက နည္းလမ္းမ်ိဳးစုံသုံးၿပီး လူထုလႈပ္ရွားမႈပြဲေတြမွာ ေန႔စဥ္နဲ႔အမၽွ ပါဝင္ေနၾကတာ ျဖစ္ပါတယ္ ။ ေနာက္မဆုတ္ဘဲ ေရွ႕ဆက္ေလၽွာက္လွမ္းကာ ႀကိဳးစားေနၾကတဲ့ ျပည္သူ ေတြက “အမွိုက္သပိတ္၊ ပန္းသပိတ္၊အသံတိတ္သပိတ္၊ Easter Egg သပိတ္၊ ေဆးသပိတ္၊ပိေတာက္သပိတ္” ေတြျပဳလုပ္ၿပီး သူတို႔ရဲ့ဆႏၵေတြကို ျပသခဲ့ၿပီးၿပီလည္း ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ ရက္ကဆိုရင္လည္း ျပည္သူေတြက မိုးရြာေန တဲ့ၾကားကေန လမ္းေပၚကိုရေအာင္ထြက္လာၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

“Generation Z” လို႔ေခၚတဲ့ မ်ိဳးဆက္သစ္ လူငယ္ေလးေတြကလည္း ဆႏၵေဖာ္ထုတ္နိုင္မယ့္ နည္းလမ္းေတြကို အျမဲတမ္း ေတြးေခၚႀကံဆေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း တီထြင္ဆန္းသစ္နိုင္စြမ္းရွိတဲ့ လူငယ္ ေတြက “စကၠဴသပိတ္” ကို ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ထူးထူးျခားျခားျဖစ္ေအာင္ စကၠဴကိုသာ အသုံးျပဳၿပီး လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ လူငယ္ေတြရဲ့ပုံရိပ္ကို ပုံေဖာ္ဖန္တီးျပခဲ့တာ ျဖစ္ပါတယ္ ။

ျပည္သူေတြကိုကာကြယ္ဖို႔ ဟန္ျပင္ေနတဲ့ လူငယ္တစ္စု ရဲ့ပုံစံကို ေရာင္စုံစကၠဴေတြနဲ႔ပဲ အသက္ဝင္ေအာင္ ဖန္တီးခဲ့တဲ့ Gen Z ေတြရဲ့လက္ရာကေတာ့ ခ်ီးက်ဴးခ်င္စရာေကာင္းေနတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ Gen Z ေတြက “ေႏြဦးေတာ္လွန္ေရး” ဆိုတဲ့စာသား ကိုလည္း စကၠဴနဲ႔ပဲ ပုံေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ အရည္အခ်င္းရွိတဲ့ လူငယ္ေလးေတြဖန္တီးထားတဲ့ “စကၠဴသပိတ္” ပုံရိပ္ေတြကို ပရိသတ္ ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit-Original Uploader

unicode

အခုချိန်မှာတော့ ပြည်သူ တွေက နည်းလမ်းမျိုးစုံသုံးပြီး လူထုလှုပ်ရှားမှုပွဲတွေမှာ နေ့စဉ်နဲ့အမျှ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ နောက်မဆုတ်ဘဲ ရှေ့ဆက်လျှောက်လှမ်းကာ ကြိုးစားနေကြတဲ့ ပြည်သူ တွေက “အမှိုက်သပိတ်၊ ပန်းသပိတ်၊အသံတိတ်သပိတ်၊ Easter Egg သပိတ်၊ ဆေးသပိတ်၊ပိတောက်သပိတ်” တွေပြုလုပ်ပြီး သူတို့ရဲ့ဆန္ဒတွေကို ပြသခဲ့ပြီးပြီလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ကဆိုရင်လည်း ပြည်သူတွေက မိုးရွာနေ တဲ့ကြားကနေ လမ်းပေါ်ကိုရအောင်ထွက်လာပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။

“Generation Z” လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်လေးတွေကလည်း ဆန္ဒဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေကို အမြဲတမ်း တွေးခေါ်ကြံဆနေကြတာ ဖြစ်ပါတယ် ။ အခုလည်း တီထွင်ဆန်းသစ်နိုင်စွမ်းရှိတဲ့ လူငယ် တွေက “စက္ကူသပိတ်” ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ထူးထူးခြားခြားဖြစ်အောင် စက္ကူကိုသာ အသုံးပြုပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေရဲ့ပုံရိပ်ကို ပုံဖော်ဖန်တီးပြခဲ့တာ ဖြစ်ပါတယ် ။

ပြည်သူတွေကိုကာကွယ်ဖို့ ဟန်ပြင်နေတဲ့ လူငယ်တစ်စု ရဲ့ပုံစံကို ရောင်စုံစက္ကူတွေနဲ့ပဲ အသက်ဝင်အောင် ဖန်တီးခဲ့တဲ့ Gen Z တွေရဲ့လက်ရာကတော့ ချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် Gen Z တွေက “နွေဦးတော်လှန်ရေး” ဆိုတဲ့စာသား ကိုလည်း စက္ကူနဲ့ပဲ ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ အရည်အချင်းရှိတဲ့ လူငယ်လေးတွေဖန်တီးထားတဲ့ “စက္ကူသပိတ်” ပုံရိပ်တွေကို ပရိသတ် တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader