သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ ပရိသတ္ေတြ ၾကား မွာ ပရဟိတ မင္းသမီး အျဖစ္ ေရပန္းစား နာမည္ႀကီး ေနသူ တစ္ေယာက္ပါ။ အႏုပညာ အသိုင္းအဝိုင္းက အခက္အခဲ ျဖစ္ေန ၾကသူမ်ား နဲ႔ စားဝတ္ ေနေရး မေျပလည္ သူမ်ားကို လည္း တတ္နိုင္တဲ့ ဘက္ကေန ကူညီ လႉဒါန္း ေပးေန သူပါ။ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ ကို တည္ေထာင္ ထားၿပီး ပရဟိတ လုပ္ငန္းေတြ ကို စြမ္းစြမ္း တမံ ကူညီေဆာင္ရြက္ ေပးေနတာ လည္း ျဖစ္ပါတယ္။

ဒါ့အျပင္ လူမမယ္ ကေလးငယ္ ေလးမ်ားကို လည္း ေႏြးေထြးမႈ အျပည့္နဲ႔ ေခၚယူေမြး စားကာ ထိန္းသိမ္း ေစာင့္ေရွာက္ ေပးေနတဲ့ ပရဟိတ သူရဲေကာင္း တစ္ဦးပဲ ျဖစ္ပါတယ္။ သူမရဲ့ မြန္ျမတ္တဲ့ စိတ္ထား ေလးေၾကာင့္ လည္း ပရိသတ္မ်ား က ေလးစားအားက်ေန ၾကတာ ျဖစ္ပါတယ္။ မၾကာ ေသးခင္ နာရီပိုင္း ေလာက္ကလည္း ခိုင္ႏွင္းေဝ ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာ တြင္ စစ္ေျပးရင္း ဆုံးပါး သြားခဲ့ေသာ ျပည္သူ တစ္ဦး ရဲ့ သားငယ္ေလး ကို ေခၚယူ ေစာင့္ေရွာက္ ေမြးစား သြားဖို႔အတြက္ စီစဥ္ ေနတဲ့ အေၾကာင္း ကို ေရးသား ထားတာပါ။

” ဖခင္ က တာဝန္ မယူဘဲ စြန႔္ပစ္ ထားၿပီး မိခင္က စစ္ေျပးရင္း ဆုံးသြားခဲ့တဲ့ အတြက္ တစ္ေယာက္ထဲ က်န္ခဲ့တဲ့ သားငယ္ေလး ကို ေခၚယူ ေစာင့္ေရွာက္ေမြးစားျဖစ္ပါတယ္ရွင္..ကေလးက (၄၅)ရက္ ျပည့္ၿပီမို႔ ေလယာဥ္စီးလို႔ ရတဲ့အတြက္ မနက္ျဖန္ ေလယာဥ္ နဲ႔ ရန္ကုန္ကို ေရာက္ရွိမွာ ျဖစ္ပါတယ္..တစ္ဖက္ မွာလည္း အခက္အခဲေတြ နဲ႔ တစ္ဖက္ ကလည္း ေစာင့္ေရွာက္ ေပးရတဲ့ အတြက္ ရတဲ့ ပီတိေတြ နဲ႔ ပဲ ႀကိဳးစား ႐ုန္းကန္ အားေမြးေန ရပါတယ္ရွင္…🙏🙏🙏” ဆိုၿပီး ေရးသားေဝ မၽွေပးထား တာပါ။ စိတ္ထား မြန္ျမတ္ၿပီး လူတကာ ကို ကူညီခ်င္ စိတ္ရွိတဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝလည္း ကံေကာင္း ျခင္းေတြ အျမဲ ရရွိ ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္း ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Khine Hnin Wai’s Facebook Page

UNICODE

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ ပရိသတ်တွေ ကြား မှာ ပရဟိတ မင်းသမီး အဖြစ် ရေပန်းစား နာမည်ကြီး နေသူ တစ်ယောက်ပါ။ အနုပညာ အသိုင်းအဝိုင်းက အခက်အခဲ ဖြစ်နေ ကြသူများ နဲ့ စားဝတ် နေရေး မပြေလည် သူများကို လည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီ လှူဒါန်း ပေးနေ သူပါ။ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ ကို တည်ထောင် ထားပြီး ပရဟိတ လုပ်ငန်းတွေ ကို စွမ်းစွမ်း တမံ ကူညီဆောင်ရွက် ပေးနေတာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် လူမမယ် ကလေးငယ် လေးများကို လည်း နွေးထွေးမှု အပြည့်နဲ့ ခေါ်ယူမွေး စားကာ ထိန်းသိမ်း စောင့်ရှောက် ပေးနေတဲ့ ပရဟိတ သူရဲကောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွန်မြတ်တဲ့ စိတ်ထား လေးကြောင့် လည်း ပရိသတ်များ က လေးစားအားကျနေ ကြတာ ဖြစ်ပါတယ်။ မကြာ သေးခင် နာရီပိုင်း လောက်ကလည်း ခိုင်နှင်းဝေ ရဲ့ လူမှုကွန်ယက် စာမျက်နှာ တွင် စစ်ပြေးရင်း ဆုံးပါး သွားခဲ့သော ပြည်သူ တစ်ဦး ရဲ့ သားငယ်လေး ကို ခေါ်ယူ စောင့်ရှောက် မွေးစား သွားဖို့အတွက် စီစဉ် နေတဲ့ အကြောင်း ကို ရေးသား ထားတာပါ။

” ဖခင် က တာဝန် မယူဘဲ စွန့်ပစ် ထားပြီး မိခင်က စစ်ပြေးရင်း ဆုံးသွားခဲ့တဲ့ အတွက် တစ်ယောက်ထဲ ကျန်ခဲ့တဲ့ သားငယ်လေး ကို ခေါ်ယူ စောင့်ရှောက်မွေးစားဖြစ်ပါတယ်ရှင်..ကလေးက (၄၅)ရက် ပြည့်ပြီမို့ လေယာဉ်စီးလို့ ရတဲ့အတွက် မနက်ဖြန် လေယာဉ် နဲ့ ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်..တစ်ဖက် မှာလည်း အခက်အခဲတွေ နဲ့ တစ်ဖက် ကလည်း စောင့်ရှောက် ပေးရတဲ့ အတွက် ရတဲ့ ပီတိတွေ နဲ့ ပဲ ကြိုးစား ရုန်းကန် အားမွေးနေ ရပါတယ်ရှင်…🙏🙏🙏” ဆိုပြီး ရေးသားဝေ မျှပေးထား တာပါ။ စိတ်ထား မွန်မြတ်ပြီး လူတကာ ကို ကူညီချင် စိတ်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေလည်း ကံကောင်း ခြင်းတွေ အမြဲ ရရှိ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page