လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင် က စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။“ဒီရက်ပိုင်း စစ်ဘေးရှောင်/မိစ္ဆာဘေးရှောင် စခန်းတွေမှာ ရောက်ရှိနေကြတဲ့ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ဖို့ရာ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေတယ်။

ကျနော် ကိုယ်တိုင်လည်း လှူဒါန်းပြီးပြီ။ အချိန်ကျတာနဲ့ အသေးစိတ် ထုတ်ပြန် ပြောပြသွားမယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။ဆက်လက်ပြီး ဆောင်းဦးလှိုင်က ပြည်သူ့ ကာကွယ်ရေး သင်တန်းတက်နေတဲ့ လူငယ်တွေအတွက် သူ့ရဲ့ ချွေးနည်းစားထဲကနေ မတည်ကာ အလှူငွေ ထည့်ဝင် ပံ့ပိုးနှိုးဆော်သွားမယ်လို့ ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေး သင်တန်းတက် နေတဲ့ လူငယ်တွေ စားရေးနေရေး ခက်ခဲနေတာကို ကူညီ ဖြေရှင်းဖို့ မနက်ဖြန်စတင် အကောင်အထည် ဖော်မယ်။

ကျနော့် ချွေးနည်းစာထဲက ခပ်ပါးပါး လက်ကျန်ကို မတည် ထည့်ဝင်ပြီး ပံ့ပိုးနှိုးဆော်သွားမယ်။ သိပ်မကြာဘူး။ ပွင့်လင်း မြင်သာမှု အပြည့်နဲ့ တင်ပြသွားပါ့မယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။ဆောင်းဦးလှိုင်က “ကျရာတာဝန် ထမ်းရင်း ပြည်သူ့အရေးတော်ပုံအတွက် အုတ်တချပ်၊ သဲတပွင့် အမြဲ ဖြစ်စေရပါမယ်”လို့လည်း ပြောထားပါတယ်။အဆို တော် ဆောင်းဦးလှိုင်ကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး အတွက် ကျရာ နေရာကနေ တာဝန်ထမ်းရင်း ပါဝင်သွားမယ်လို့ ဆိုပါတယ်။

Crd

ZAW GYI

လက္ရွိ အေမရိကန္နိုင္ငံမွာ ေနထိုင္ေနတဲ့ အဆိုေတာ္ ေဆာင္းဦးလွိုင္ က စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ အေရးေပၚ လိုအပ္ေနတဲ့ အကူအညီေတြ ေပးနိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။“ဒီရက္ပိုင္း စစ္ေဘးေရွာင္/မိစၧာေဘးေရွာင္ စခန္းေတြမွာ ေရာက္ရွိေနၾကတဲ့ ျပည္သူမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္ဖို႔ရာ အေရးေပၚ လိုအပ္ေနတဲ့ အကူအညီေတြ ေပးနိုင္ဖို႔ ႀကိဳးစားေနတယ္။

က်ေနာ္ ကိုယ္တိုင္လည္း လႉဒါန္းၿပီးၿပီ။ အခ်ိန္က်တာနဲ႔ အေသးစိတ္ ထုတ္ျပန္ ေျပာျပသြားမယ္”လို႔ ေဆာင္းဦးလွိုင္က ေျပာပါတယ္။ဆက္လက္ၿပီး ေဆာင္းဦးလွိုင္က ျပည္သူ႔ ကာကြယ္ေရး သင္တန္းတက္ေနတဲ့ လူငယ္ေတြအတြက္ သူ႔ရဲ့ ေခၽြးနည္းစားထဲကေန မတည္ကာ အလႉေငြ ထည့္ဝင္ ပံ့ပိုးႏွိုးေဆာ္သြားမယ္လို႔ ဆိုပါတယ္။ျပည္သူ႔ကာကြယ္ေရး သင္တန္းတက္ ေနတဲ့ လူငယ္ေတြ စားေရးေနေရး ခက္ခဲေနတာကို ကူညီ ေျဖရွင္းဖို႔ မနက္ျဖန္စတင္ အေကာင္အထည္ ေဖာ္မယ္။

က်ေနာ့္ ေခၽြးနည္းစာထဲက ခပ္ပါးပါး လက္က်န္ကို မတည္ ထည့္ဝင္ၿပီး ပံ့ပိုးႏွိုးေဆာ္သြားမယ္။ သိပ္မၾကာဘူး။ ပြင့္လင္း ျမင္သာမႈ အျပည့္နဲ႔ တင္ျပသြားပါ့မယ္”လို႔ ေဆာင္းဦးလွိုင္က ေျပာပါတယ္။ေဆာင္းဦးလွိုင္က “က်ရာတာဝန္ ထမ္းရင္း ျပည္သူ႔အေရးေတာ္ပုံအတြက္ အုတ္တခ်ပ္၊ သဲတပြင့္ အျမဲ ျဖစ္ေစရပါမယ္”လို႔လည္း ေျပာထားပါတယ္။အဆို ေတာ္ ေဆာင္းဦးလွိုင္ကေတာ့ စစ္အာဏာရွင္ကို ဆန႔္က်င္တဲ့ အႏုပညာရွင္တဦး ျဖစ္ၿပီး၊ ျမန္မာျပည္ရဲ့ ေႏြဦးေတာ္လွန္ေရး အတြက္ က်ရာ ေနရာကေန တာဝန္ထမ္းရင္း ပါဝင္သြားမယ္လို႔ ဆိုပါတယ္။

Crd