


Happy – Cele Zone
Photo – Smile

UNICODE

တစ်ကမ္ဘာလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတဲ့ ခရစ္စမတ် နေ့မှာ စမိုင်းတို့ မိသားစုကလည်း သူမ တို့ရဲ့ အိမ်ကျယ်ကြီးမှာ ခရစ္စမတ်သစ်ပင် ကြီးဆင်ထားပြီး အမှတ်တရပုံလေးတွေရိုက်ကူးခဲ့ပါတယ်။ ခရစ္စမတ် ရဲ့ အထိမ်းအမှတ် အရောင်လေးတွေ စီချယ်ထားတဲ့ အင်္ကျီလေးတွေ ဆင်မြန်းပြီး ပျော်ပျော် ပါးပါးဓာတ်ဖမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဖွား ဖြစ်သူကိုလည်း ကလေး တစ်ယောက်လို ဂရုစိုက်ပြီး ပျော်ရွှင်အောင်ထား ပေးခဲ့ပါတယ်။ မိသားစုတွေ ကိုလည်း ဂရုတစိုက် ချစ်ခင်သလို ကိုယ်ကိုအကျိုးပြုတဲ့ ဝန်ထမ်းလေး တွေကိုလည်း အမှတ်တရ အနေ နဲ့ ဖုန်းလေးတွေ ပိုက်ဆံလေး တွေ အမြဲတမ်း လက်ဆောင် ပေးတတ်ပါသေး တယ်။ စေတနာကောင်းတာ ကြောင့် အများကြီး ကံကောင်းသူလေးပါပဲ။

အရည်အချင်းရှိတဲ့ ခင်ပွန်း ဖြစ်သူကြောင့် မိသားစု ဘဝတွေတိုးတက်လာခဲ့ပြီး နောက် မောင်တစ်ထမ်း မယ်တစ်ရွက် နဲ့ အဆင်ပြေပြေ တက်ညီ လက်ညီကြိုးစားခဲ့တဲ့ အမှတ်တရတွေ ဟာ ဘယ်တော့ မှ မမေ့နိုင်မယ့် အရမ်းလှတဲ့ အတိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ခရစ္စမတ်နေ့ မှာ မိသားစု ရဲ့အမှတ်တရ ပုံလေးတွေဟာ မြင်လိုက်တာ နဲ့ နွေးထွေးပြီး ပျော်စရာကောင်းတယ် ဆိုတာ ပေါ်လွင်နေပါတယ်။

Happy – Cele Zone
Photo – Smile