ပရိသတ္ေတြ ရဲ့ အားေပး ခ်စ္ခင္ ျခင္းကို အျပည့္အဝ ရရွိထား တဲ့ ေနေဒြး က ေတာ့ ခုလတ္တေလာ မွာျဖစ္ေပၚေနတဲ့ အေျခအေန ေတြ နဲ႔ ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ ထဲကေန ဒီေန႔ထိ ျပည္သူလူထု နဲ႔ အတူ ရပ္တည္ကာ လမ္းေပၚ ထြက္ လႈပ္ရွားမႈ ေတြကို အားတတ္သေရာ္ ျပဳလုပ္ သလို လႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ ျပည္သူေတြ အတြက္လည္း အစားအေသာက္ မ်ား နဲ႔ ကာကြယ္ေရး ပစၥည္းမ်ားကို လႉဒါန္း လ်က္ရွိပါတယ္။

ခုလိုအစစ အရာရာ ဘက္ေပါင္းစုံကေန ပါဝင္ ကူညီ အားျဖည့္ေပးေနတဲ့ အႏုပညာရွင္ေတြ ရွိေနတာေၾကာင့္ လည္း ဒီလႈပ္ရွားမႈႀကီးက ခုခ်ိန္ထိ စည္းလုံး ညီညြတ္ၿပီး အသက္ ဝင္ေနခဲ့ တာပါ။ျပည္သူေတြ ကလည္း ဘယ္လို အခက္အခဲ ေတြ နဲ႔ ရင္ဆိုင္ေန ရပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ ေတြ အတြက္ အသက္ကိုပင္ေပးကာ ေရွ႕ဆက္ လွမ္းေနၾကတာ လည္းျဖစ္ပါတယ္။

အခုဆိုရင္ တစ္ခ်ိဳ႕ ၿမိဳ႕နယ္ ေတြမွာ အတားအဆီးေတြ အျပည့္ နဲ႔ ၿဖိဳခြင္း ခံရမႈေတြ အပစ္အခတ္ေတြ ရွိေနတာ ေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရး အဆင္မေၿပ မႈ ေတြၾကဳံေတြ႕ ေနရတာလည္း ျဖစ္ပါတယ္။ အႏုပညာရွင္ ေတြကလည္း အခက္အခဲ ျဖစ္ေနတဲ့ ျပည္သူ ေတြကို တတ္နိုင္သေလာက္ စုေပါင္း လႉဒါန္းမႈေတြ ျပဳလုပ္ေပး လ်က္ရွိတာ လည္း ေလးစားစြာ ေတြ႕ျမင္ရ ပါတယ္။အခုလည္း ေနေဒြး က လွိုင္သာယာ က စားဝတ္ ေနေရး အဆင္မေၿပ ျဖစ္ေနတဲ့ ျပည္သူေတြ အတြက္ ဆန္အျပင္ အျခား အစားအေသာက္မ်ားကို သြားေရာက္ လႉဒါန္းရန္ ျပင္ဆင္လ်က္ရွိ ေၾကာင္းဗီဒီယိုေလးကို ေဖာ္ျပထားရာ ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝ မၽွေပးလိုက္ပါတယ္။

Yuan – Cele Zone
Photo – Nay Dway

UNICODE

ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင် ခြင်းကို အပြည့်အဝ ရရှိထား တဲ့ နေဒွေး က တော့ ခုလတ်တလော မှာဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ထဲကနေ ဒီနေ့ထိ ပြည်သူလူထု နဲ့ အတူ ရပ်တည်ကာ လမ်းပေါ် ထွက် လှုပ်ရှားမှု တွေကို အားတတ်သရော် ပြုလုပ် သလို လှုပ်ရှားမှု ပြုလုပ်နေတဲ့ ပြည်သူတွေ အတွက်လည်း အစားအသောက် များ နဲ့ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်း လျက်ရှိပါတယ်။

ခုလိုအစစ အရာရာ ဘက်ပေါင်းစုံကနေ ပါဝင် ကူညီ အားဖြည့်ပေးနေတဲ့ အနုပညာရှင်တွေ ရှိနေတာကြောင့် လည်း ဒီလှုပ်ရှားမှုကြီးက ခုချိန်ထိ စည်းလုံး ညီညွတ်ပြီး အသက် ဝင်နေခဲ့ တာပါ။ပြည်သူတွေ ကလည်း ဘယ်လို အခက်အခဲ တွေ နဲ့ ရင်ဆိုင်နေ ရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက် တွေ အတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက် လှမ်းနေကြတာ လည်းဖြစ်ပါတယ်။

အခုဆိုရင် တစ်ချို့ မြို့နယ် တွေမှာ အတားအဆီးတွေ အပြည့် နဲ့ ဖြိုခွင်း ခံရမှုတွေ အပစ်အခတ်တွေ ရှိနေတာ ကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေး အဆင်မပြေ မှု တွေကြုံတွေ့ နေရတာလည်း ဖြစ်ပါတယ်။ အနုပညာရှင် တွေကလည်း အခက်အခဲ ဖြစ်နေတဲ့ ပြည်သူ တွေကို တတ်နိုင်သလောက် စုပေါင်း လှူဒါန်းမှုတွေ ပြုလုပ်ပေး လျက်ရှိတာ လည်း လေးစားစွာ တွေ့မြင်ရ ပါတယ်။အခုလည်း နေဒွေး က လှိုင်သာယာ က စားဝတ် နေရေး အဆင်မပြေ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် ဆန်အပြင် အခြား အစားအသောက်များကို သွားရောက် လှူဒါန်းရန် ပြင်ဆင်လျက်ရှိ ကြောင်းဗီဒီယိုလေးကို ဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေ မျှပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Nay Dway