ပရိသတ္ႀကီးေရ.. အကယ္ဒမီ မင္းသားႀကီး ေဝဠဳေက်ာ္ ကိုယ္တိုင္ ဦးစီး တည္ေထာင္ ထားတဲ့ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း ကေတာ့ အမ်ိဳးမ်ိဳးေသာ အခက္အခဲေတြ နဲ႔ ရင္ဆိုင္ ၾကဳံေတြ႕ေနၾကရတဲ့ ျပည္သူေတြ အတြက္ အျမဲ ေဖးမ ကူညီ တတ္ေနတာ ျဖစ္ပါတယ္..။၇ရက္ သားသမီး အလႉရွင္ ေတြ လႉဒါန္း ထားတဲ့ ေငြေၾကး ေတြ နဲ႔ လိုအပ္ ေနၾကတဲ့ ျပည္သူေတြ အတြက္ ျပန္လည္ လႉဒါန္းမႈေတြ ကို လုပ္ေဆာင္ေနၿပီး လက္ရွိ အေျခအေနေတြ မွာလည္း အင္တိုက္ အားတိုက္ပါဝင္ အားျဖည့္ လႉဒါန္း ေနတာ ေတြ႕ရ ပါတယ္..။

ပရဟိတ အလုပ္ေတြ နဲ႔ လႉဒါန္းမႈ ေတြ ေန႔တိုင္းျပဳ လုပ္ေနတဲ့ ေဝဠဳေက်ာ္ ကေတာ့ ဒီက ေန႔မွာလည္း စားဝတ္ ေနေရးခက္ခဲ ေနတဲ့ ျပည္သူေတြ နဲ႔ စက္မႈ ဝန္ထမ္းေတြ အတြက္ အစားအေသာက္ ေတြ ေပးေဝ လႉဒါန္းခဲ့ ျပန္ပါတယ္..။သဃၤန္းကၽြန္း က ျပည္သူေတြ နဲ႔ စက္မႈ ဝန္ထမ္းေတြ အတြက္ ေဝဠဳေက်ာ္ က စားေသာက္ ကုန္ေတြကို ကိုယ္တိုင္ ကိုယ္က် အိမ္တိုင္ရာ ေရာက္ လိုက္လံ ေပးေဝၿပီး လႉဒါန္းခဲ့တာ ျဖစ္ၿပီး ေစတနာရွင္ေတြ အေနနဲ႔ ေနာက္ထပ္ အလႉေတြမွာပါဝင္နိုင္ဖို႔ကိုလည္း အလႉခံ တိုက္တြန္းထားတာ လည္း ေတြ႕ရပါတယ္..။

“29-3-2021 ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း မွ အလႉရွင္မ်ား ကိုယ္စား ယေန႔ စားေသာက္ ေရးခက္ခဲ ေနေသာ သဃ္န္းကၽြန္းဇ / ေျမာက္ က်ဴးအိမ္ မ်ား ႏွင့္ စက္မႈ (၁)ဝန္ထမ္း အိမ္ေထာင္စု ( ၅၅ ) စု သို႔ တစ္အိမ္ေထာင္လၽွင္ ဆန္ ( ၃ ) ျပည္ ၾကက္သြန္ ငါးပိ တို႔ကို သြားေရာက္ ကူညီ ေထာက္ပံ့ေပးခဲ့ ပါသည္။ေနာက္ထပ္ လိုအပ္ ေနသူမ်ား အတြက္လည္း အလႉခံ ပါတယ္။ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း 09455500010(K Pay) (U Soe Thein) 09455500014 . 09776089484(Wave Acc). .” ဆိုၿပီး အလႉ ကို အသိေပး ေဝမၽွရင္း ဆက္သြယ္ လႉဒါန္းနိုင္တဲ့ အေၾကာင္းကိုလည္း ေျပာၿပ ထားတာ ျဖစ္ပါတယ္..။ အလႉရွင္ ေတြရဲ့ကိုယ္စား ကိုယ္တိုင္ သြားေရာက္ လႉဒါန္းထားတဲ့ ေဖာင္ေဒးရွင္းရဲ့ အလႉ ပုံရိပ္ေတြကို လည္း အားလုံးက သာဓု ေခၚ ဆုေတာင္းေပးထားၾကတာလည္း ေတြ႕ရတာမို႔ ပရိသတ္ေတြ အတြက္ တင္ဆက္မၽွေဝ ေပးလိုက္ပါတယ္..။

သတင္းအရင္းျမစ္: Wai Lu Kyaw Foundation’s Fb Acc

UNICODE

ပရိသတ်ကြီးရေ.. အကယ်ဒမီ မင်းသားကြီး ဝေဠုကျော် ကိုယ်တိုင် ဦးစီး တည်ထောင် ထားတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း ကတော့ အမျိုးမျိုးသော အခက်အခဲတွေ နဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ ပြည်သူတွေ အတွက် အမြဲ ဖေးမ ကူညီ တတ်နေတာ ဖြစ်ပါတယ်..။ရရက် သားသမီး အလှူရှင် တွေ လှူဒါန်း ထားတဲ့ ငွေကြေး တွေ နဲ့ လိုအပ် နေကြတဲ့ ပြည်သူတွေ အတွက် ပြန်လည် လှူဒါန်းမှုတွေ ကို လုပ်ဆောင်နေပြီး လက်ရှိ အခြေအနေတွေ မှာလည်း အင်တိုက် အားတိုက်ပါဝင် အားဖြည့် လှူဒါန်း နေတာ တွေ့ရ ပါတယ်..။

ပရဟိတ အလုပ်တွေ နဲ့ လှူဒါန်းမှု တွေ နေ့တိုင်းပြု လုပ်နေတဲ့ ဝေဠုကျော် ကတော့ ဒီက နေ့မှာလည်း စားဝတ် နေရေးခက်ခဲ နေတဲ့ ပြည်သူတွေ နဲ့ စက်မှု ဝန်ထမ်းတွေ အတွက် အစားအသောက် တွေ ပေးဝေ လှူဒါန်းခဲ့ ပြန်ပါတယ်..။သင်္ဃန်းကျွန်း က ပြည်သူတွေ နဲ့ စက်မှု ဝန်ထမ်းတွေ အတွက် ဝေဠုကျော် က စားသောက် ကုန်တွေကို ကိုယ်တိုင် ကိုယ်ကျ အိမ်တိုင်ရာ ရောက် လိုက်လံ ပေးဝေပြီး လှူဒါန်းခဲ့တာ ဖြစ်ပြီး စေတနာရှင်တွေ အနေနဲ့ နောက်ထပ် အလှူတွေမှာပါဝင်နိုင်ဖို့ကိုလည်း အလှူခံ တိုက်တွန်းထားတာ လည်း တွေ့ရပါတယ်..။

“29-3-2021 ဝေဠုကျော် ဖောင်ဒေးရှင်း မှ အလှူရှင်များ ကိုယ်စား ယနေ့ စားသောက် ရေးခက်ခဲ နေသော သဃ်န်းကျွန်းဇ / မြောက် ကျူးအိမ် များ နှင့် စက်မှု (၁)ဝန်ထမ်း အိမ်ထောင်စု ( ၅၅ ) စု သို့ တစ်အိမ်ထောင်လျှင် ဆန် ( ၃ ) ပြည် ကြက်သွန် ငါးပိ တို့ကို သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့ ပါသည်။နောက်ထပ် လိုအပ် နေသူများ အတွက်လည်း အလှူခံ ပါတယ်။ဝေဠုကျော် ဖောင်ဒေးရှင်း 09455500010(K Pay) (U Soe Thein) 09455500014 . 09776089484(Wave Acc). .” ဆိုပြီး အလှူ ကို အသိပေး ဝေမျှရင်း ဆက်သွယ် လှူဒါန်းနိုင်တဲ့ အကြောင်းကိုလည်း ပြောပြ ထားတာ ဖြစ်ပါတယ်..။ အလှူရှင် တွေရဲ့ကိုယ်စား ကိုယ်တိုင် သွားရောက် လှူဒါန်းထားတဲ့ ဖောင်ဒေးရှင်းရဲ့ အလှူ ပုံရိပ်တွေကို လည်း အားလုံးက သာဓု ခေါ် ဆုတောင်းပေးထားကြတာလည်း တွေ့ရတာမို့ ပရိသတ်တွေ အတွက် တင်ဆက်မျှဝေ ပေးလိုက်ပါတယ်..။

သတင်းအရင်းမြစ်: Wai Lu Kyaw Foundation’s Fb Acc