သရုပ်ဆောင် ခန့်စည်သူ ကတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက် ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာ ရင်လည်း လက်မ နှေးတတ် တာကြောင့် လိုအပ်တဲ့ နေရာတွေမှာ အမြဲလှူဒါန်းနေတာ ကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။လက်ရှိမှာ ဆိုရင် အခြေခံလူတန်းစား ပြည်သူများ ဟာ စားဝတ်နေရေး အခက်အခဲများ စွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။

ဒီအခက်အခဲတွေကို ပြည်သူတွေ အချင်းချင်းက တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။အနုပညာရှင်များကလည်း အခုချိန်မှာ ရိုက်ကူးရေးတွေ မရှိပေမယ့်လည်း စုဆောင်းထားတာ လေးတွေနဲ့ ပြည်သူ များအား ထောက်ပံ့ပေးနေကြတာပါ။ယနေ့ မေလ (၂၂) ရက်နေ့မှာလည်း စေတနာရှင် တွေနဲ့ စုပေါင်းပြီး အိမ်ထောင်စု (၁၀၀) စာအတွက် စားသောက်ကုန်များ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပါတယ်။

အလှူလက်ခံရရှိတဲ့ ပုံရိပ်တွေနဲ့ အတူ ” မှော်ဘီ၊ချောင်းဘေးနား ကျူးကျော်(၄)ရပ်ကွက်၊ (၅၈၁)ကွင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၀၀)အတွက် ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်ဥ၊ ငါးခြောက်၊အာလူး၊ကြက်သွန်နီ၊ငံပြာရည်၊Maggi စွယ်စုံသုံး ဟင်းခတ်မှုန့် နှင့်ဆပ်ပြာ များကို လှူဒါန်းခဲ့ကြပါတယ်။ ခက်ခဲနေတဲ့ ယခုလိုအချိန်မှာ အားတက်သရော လှူဒါန်းပေးကြတဲ့ ကာလဒါန အလှူရှင်များကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Kyaw Soe Win

ZAW GYI

သ႐ုပ္ေဆာင္ ခန႔္စည္သူ ကေတာ့ ဗီဒီယို ဇာတ္ကားေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို သိမ္းပိုက္ ရရွိထားသူ တစ္ဦးပဲ ျဖစ္ပါတယ္။ အလႉအတန္းနဲ႔ ပတ္သက္လာ ရင္လည္း လက္မ ေႏွးတတ္ တာေၾကာင့္ လိုအပ္တဲ့ ေနရာေတြမွာ အျမဲလႉဒါန္းေနတာ ကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ၾကရမွာပါ။လက္ရွိမွာ ဆိုရင္ အေျခခံလူတန္းစား ျပည္သူမ်ား ဟာ စားဝတ္ေနေရး အခက္အခဲမ်ား စြာနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနၾကရတာပါ။

ဒီအခက္အခဲေတြကို ျပည္သူေတြ အခ်င္းခ်င္းက တတ္နိုင္တဲ့ဘက္ကေန ကူညီေဆာင္ရြက္ေပးေနၾကတာလည္း ျဖစ္ပါတယ္။အႏုပညာရွင္မ်ားကလည္း အခုခ်ိန္မွာ ရိုက္ကူးေရးေတြ မရွိေပမယ့္လည္း စုေဆာင္းထားတာ ေလးေတြနဲ႔ ျပည္သူ မ်ားအား ေထာက္ပံ့ေပးေနၾကတာပါ။ယေန႔ ေမလ (၂၂) ရက္ေန႔မွာလည္း ေစတနာရွင္ ေတြနဲ႔ စုေပါင္းၿပီး အိမ္ေထာင္စု (၁၀၀) စာအတြက္ စားေသာက္ကုန္မ်ား ကိုယ္တိုင္ သြားေရာက္ လႉဒါန္းခဲ့ပါတယ္။

အလႉလက္ခံရရွိတဲ့ ပုံရိပ္ေတြနဲ႔ အတူ ” ေမွာ္ဘီ၊ေခ်ာင္းေဘးနား က်ဴးေက်ာ္(၄)ရပ္ကြက္၊ (၅၈၁)ကြင္းမွာ ေနထိုင္ၾကတဲ့ အိမ္ေထာင္စု (၁၀၀)အတြက္ ဆန္၊ဆီ၊ဆား၊ကုလားပဲ၊ၾကက္ဥ၊ ငါးေျခာက္၊အာလူး၊ၾကက္သြန္နီ၊ငံျပာရည္၊Maggi စြယ္စုံသုံး ဟင္းခတ္မႈန႔္ ႏွင့္ဆပ္ျပာ မ်ားကို လႉဒါန္းခဲ့ၾကပါတယ္။ ခက္ခဲေနတဲ့ ယခုလိုအခ်ိန္မွာ အားတက္သေရာ လႉဒါန္းေပးၾကတဲ့ ကာလဒါန အလႉရွင္မ်ားကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Kyaw Soe Win