ပရိသတ္အခိုင္အမာနဲ႔ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ မ်ားစြာရရွိထားတဲ့ သ႐ုပ္ေဆာင္မင္းသားေနေဒြးကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလပိုင္းကလည္း လႉဒါန္းမႈေတြ ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္..။ေနေဒြးကေတာ့ အေျခအေနအရပ္ရပ္ေၾကာင့္ စားဝတ္ေနေရးၾကပ္တည္းၿပီး အခက္အခဲေတြနဲ႔ရင္ဆိုင္ၾကဳံေတြ႕ေနၾကရတဲ့ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္အလႉအတန္းေတြ ျပဳလုပ္ၿပီး ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္..။

ေနေဒြးကေတာ့ ဒီကေန႔ဧၿပီလ(၃)ရက္ေန႔မွာလည္း စားဝတ္ေနေရးခက္ခဲေနၾကတဲ့ Foodpanda မွ Delivery သမားေတြကိုစားေသာက္ကုန္ေတြ ထုတ္ေပးၿပီးလႉဒါန္းေပးမယ့္အေၾကာင္းကိုလည္း အသိေပးေျပာျပလာပါတယ္..။မနက္ေစာေစာ အလႉျပဳလုပ္ၿပီး ေကာင္းမႈကုသိုလ္ေတြနဲ႔ စတင္လိုက္တာျဖစ္ၿပီး Foodpanda မွ ခက္ခဲေနၾကတဲ့ ေနာက္ထပ္ Delivery သမားေတြကိုလည္း ဝန္ထမ္းကဒ္ ျပ႐ုံနဲ႔ ဆန္နဲ႔ဆီေတြ လာေရာက္ထုတ္ယူနိုင္တဲ့အေၾကာင္းကို ေနေဒြးက ေျပာျပထားတာ ျဖစ္ပါတယ္..။”မနက္ေစာေစာကုသိုလ္🙏🏼🙏🏼🙏🏼

ကၽြန္ေတာ္တို႔ရဲ့ အစားအေသာက္ လိုအပ္ခ်က္အတြက္ အျမဲပို႔ေဆာင္ေပးေနတဲ့Foodpanda မွျပည္သူမ်ားစားဝတ္ေနအခက္အခဲအတြက္ JITTOO ေအာ္ဂန္းနစ္ေရႊဆန္ , ဆီ , ေခါက္ဆြဲေျခာက္ ႏွင့္စားေသာက္ကုန္မ်ားကို အလႈဒါနျပဳေပးခဲ့ပါသည္။ ေနာက္ထပ္ Foodpanda မွ စားဝတ္ေနေရးခက္ခဲေနေသာျပည္သူမ်ား Foodpanda ဝန္ထမ္းကဒ္ျဖင့္ ဆန္ ႏွင့္ ဆီ မ်ားလာေရာက္ထုတ္ ယူနိုင္ပါတယ္ခင္ဗ်😍ဒီညီေလးကေလာေလာဆယ္ ေတာ့ ေအာက္ကၿမိဳ႕နယ္မ်ားကို လိုက္လံပို႔ေဆာင္ေပးေနပါတယ္ေနာ္ ေက်းဇူးျပဳၿပီး မွာယူ စားေသာက္ၿပီး ကူညီေပးၾကပါအုံးခင္ဗ်🙏🏼🙏🏼🙏🏼Foodpanda ကပါဗ် လူႀကီးမင္းတို႔စားခ်င္တဲ့ အစားေသာက္ေလးေတြကိုမွာယူနိုင္ပါတယ္ဗ်တာေမြ /ဗဟန္း/ရန္ကင္း/မဂၤလာေတာင္ညြန႔္ ၿမိဳ႕နယ္မ်ားကို ပို႔ေဆာင္ေပးေနပါပီDeliခကမသတ္မွတ္ထားပါဗ်မွာယူေပးမႈကိုပဲ က်းဇူးတင္ေနပါၿပီဗ်🙏🙏🙏 09887997922 /09791053204..” ဆိုၿပီး အလႉအေၾကာင္းကို ေျပာျပရင္း အစားအေသာက္ေတြမွာယူနိုင္တဲ့အေၾကာင္းကိုလည္း တိုက္တြန္း ေဝမၽွထားတာလည္း ေတြ႕ရပါတယ္..။

Photo Credit – Nay Dway’s Fb Acc

unicode

ပရိသတ်အခိုင်အမာနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသားနေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလပိုင်းကလည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။နေဒွေးကတော့ အခြေအနေအရပ်ရပ်ကြောင့် စားဝတ်နေရေးကြပ်တည်းပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်အလှူအတန်းတွေ ပြုလုပ်ပြီး ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။

နေဒွေးကတော့ ဒီကနေ့ဧပြီလ(၃)ရက်နေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ Foodpanda မှ Delivery သမားတွေကိုစားသောက်ကုန်တွေ ထုတ်ပေးပြီးလှူဒါန်းပေးမယ့်အကြောင်းကိုလည်း အသိပေးပြောပြလာပါတယ်..။မနက်စောစော အလှူပြုလုပ်ပြီး ကောင်းမှုကုသိုလ်တွေနဲ့ စတင်လိုက်တာဖြစ်ပြီး Foodpanda မှ ခက်ခဲနေကြတဲ့ နောက်ထပ် Delivery သမားတွေကိုလည်း ဝန်ထမ်းကဒ် ပြရုံနဲ့ ဆန်နဲ့ဆီတွေ လာရောက်ထုတ်ယူနိုင်တဲ့အကြောင်းကို နေဒွေးက ပြောပြထားတာ ဖြစ်ပါတယ်..။”မနက်စောစောကုသိုလ်🙏🏼🙏🏼🙏🏼

ကျွန်တော်တို့ရဲ့ အစားအသောက် လိုအပ်ချက်အတွက် အမြဲပို့ဆောင်ပေးနေတဲ့Foodpanda မှပြည်သူများစားဝတ်နေအခက်အခဲအတွက် JITTOO အော်ဂန်းနစ်ရွှေဆန် , ဆီ , ခေါက်ဆွဲခြောက် နှင့်စားသောက်ကုန်များကို အလှုဒါနပြုပေးခဲ့ပါသည်။ နောက်ထပ် Foodpanda မှ စားဝတ်နေရေးခက်ခဲနေသောပြည်သူများ Foodpanda ဝန်ထမ်းကဒ်ဖြင့် ဆန် နှင့် ဆီ များလာရောက်ထုတ် ယူနိုင်ပါတယ်ခင်ဗျ😍ဒီညီလေးကလောလောဆယ် တော့ အောက်ကမြို့နယ်များကို လိုက်လံပို့ဆောင်ပေးနေပါတယ်နော် ကျေးဇူးပြုပြီး မှာယူ စားသောက်ပြီး ကူညီပေးကြပါအုံးခင်ဗျ🙏🏼🙏🏼🙏🏼Foodpanda ကပါဗျ လူကြီးမင်းတို့စားချင်တဲ့ အစားသောက်လေးတွေကိုမှာယူနိုင်ပါတယ်ဗျတာမွေ /ဗဟန်း/ရန်ကင်း/မင်္ဂလာတောင်ညွန့် မြို့နယ်များကို ပို့ဆောင်ပေးနေပါပီDeliခကမသတ်မှတ်ထားပါဗျမှာယူပေးမှုကိုပဲ ကျးဇူးတင်နေပါပြီဗျ🙏🙏🙏 09887997922 /09791053204..” ဆိုပြီး အလှူအကြောင်းကို ပြောပြရင်း အစားအသောက်တွေမှာယူနိုင်တဲ့အကြောင်းကိုလည်း တိုက်တွန်း ဝေမျှထားတာလည်း တွေ့ရပါတယ်..။

Photo Credit – Nay Dway’s Fb Acc