ပရိသတ်ကြီးရေ… အနုပညာ လောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို တစ်ခဲ နက် အခိုင် အမာရရှိ ထားတဲ့ သရုပ် ဆောင်မင် းသားချော ဒေါင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာကတည်းက အားလုံးနဲ့ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဒေါင်းကတော့ အားလုံး နဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ခဲ့သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူတက်ကြွစွာပါဝင်လှုပ်ရှား နေတဲ့ ဒေါင်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာပေမယ့်လည်း တတ်နိုင်သလောက် အားဖြည့်လုပ်ဆောင်နေပြီး ပရိသတ်တွေအတွက်လည်း ခွန်အာ းဖြစ်စေ တဲ့စာလေ းတွေနဲ့ ကဗျာလေးတွေကို ရေးသားလေ့ရှိသူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း ဒေါင်းဟာ သူ့ ရဲ့ Facebook စာမျက်နှာကနေ တစ်ဆင့် ကဗျာလေးတစ်ပုဒ်တင်ပေးလာခဲ့ပါတယ်။

“အခုချိန်မှာ အရာအားလုံးဟာမှောင်နေတယ် ဒါပေမယ့် အလင်းကိုလိုချင်တဲ့စိတ် ဘယ်တော့မှမလျှော့ဘူး။ ငါတို့ဟာ မျှော် လင့်ချက်နဲ့အသက်ရှင်နေသရွှေ့ အမြစ်တစ်ချောင်းကျန်ရင်တောင် ပြန်ရှင်သန်လာမယ့် သစ်ပင်တွေပဲ။ဒေါင်း……” ဆိုပြီး ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit .DAUNG-ဒေါင်း’s Facebook page

ZAW GYI



