


Credit….thu han soe

UNICODE

ပရိတ်သတ်ကြီးရေ….ပြည်သူချစ် အနုပညာရှင် မင်းသားချော ရဲတိုက် ကတော့ သရုပ်ဆောင် တဲ့ နေရာတွင် ပီပြင် ပြောင်မြောက် လွန်းသူ ဖြစ်တာ ကြောင့် ပရိသတ်တွေ က သဘာဝ မင်းသားလို့ တောင်သတ် မှတ်ခြင်း ခံထားရသူ ဖြစ်ပါ တယ်နော်..။ရဲတိုက် ဟာဆိုရင် အကျဉ်းထောင် မှ လွတ်လာပြီး နောက်ပိုင်း အနုပညာ လှုပ်ရှားမှု တွေ ဖြည်းဖြည်းချင်း စီ ပြန်လုပ် လာတာ ကြောင့် ပရိသတ်တွေ က ဝမ်းသာ နေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေ ဘက်ကနေ မားမား မတ်မတ် ရပ်တည် ပေးခဲ့တဲ့ စိတ်ထား ပြည့်ဝတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။

သူက တော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေတဲ့ လူထု လှုပ်ရှားမှု တွေမှာ ပြည်သူတွေ နဲ့ အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့ သူလည်း ဖြစ်ပါ တယ်။ Defense Team မှ လူငယ်တွေ နဲ့ အတူ ရှေ့ဆုံး ကနေ ကာကွယ်ပေးခဲ့ တာကြောင့် အားလုံးက ရဲတိုက်ကို ချီးကျူးနေကြ တာလည်းဖြစ် ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မကြာသေးခင် ရက်ပိုင်းက ရဲတိုက် အား ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံ လိုက်ရ တာပဲ ဖြစ် ပါတယ်။

ပရိသတ်တွေ နဲ့ အနုပညာ အသိုင်းဝိုင်းက ညီအစ်ကို မောင်နှမ များကလည်း ဒီသတင်း ကြားကြားချင်း မှာဘဲ ရဲတိုက် အတွက် စိတ်မကောင်း ဖြစ် ခဲ့ ကြ ရတာပါ။ မနေ့က တော့ သရုပ်ဆောင် ရဲတိုက်ရဲ့ မွေးနေ့ ဖြစ်ပြီး ချစ်ခင် ရသူတွေကသူ့အတွက် မွေးနေ့ဆုတောင်း တွေ ​တင်ထား ကြတာ ကို မြင်တွေ့ ကြရမှာပါ။ မင်းသမီး သန္တာဗိုလ် ရဲ့ Instagram လူမှုကွန်ယက်တွင် လည်း ရဲတိုက် အတွက် မွေးနေ့ ဆုတောင်းပေး ထားပြီး အမြန် ဆုံး ပြန်လည် လွတ်မြောက်ဖို့လည်းSpeak Out လုပ်ပေးနေတာ ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူး ယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Bo’s IG And Ye Deight’s Facebook Account
Credit….thu han soe