အႏုပညာသမား ေတြဟာ ပရိသတ္ေတြကို ေဖ်ာ္ေျဖရသလို အခ်င္းခ်င္း ကိုလည္း ရိုင္းပင္း ကူညီၿပီး စည္းလုံးၾကသူေတြပါ။ ဇာတ္ပို႔ သ႐ုပ္ေဆာင္ အခ်င္းခ်င္းျဖစ္ၾကတဲ့ ေနဆန္း နဲ႔ အိအိတုန္တို႔ဟာလည္း ခင္မင္ ရင္းႏွီးၾကသူေတြ ျဖစ္ၿပီး တစ္ေယာက္ နဲ႔ တစ္ေယာက္လည္း မိသားစုေတြလို ေနၾကသူ ေတြပါ။ ကိုယ္ပိုင္စီးပြားေရးလုပ္ေနတဲ့ အိတုန္ ရဲ့ ကုန္ပစၥည္း ေတြကို အားေပး တဲ့အျပင္ တန္ဖိုးႀကီးလက္စြပ္ တစ္ကြင္းပါ လက္ေဆာင္ ထပ္ေပးခဲ့တဲ့ ေနဆန္းတို႔ ဇနီး ေမာင္ႏွံကို အိတုန္က ေက်းဇူးတင္ စကားဆိုခဲ့ပါတယ္။

အရင္လို အလုပ္ေတြ အမ်ားႀကီးမလုပ္ ရေတာ့တဲ့အခါ တစ္ဝမ္း တစ္ခါးအတြက္ ႀကိဳးစား ႐ုန္းကန္ ေနရတဲ့ အခ်ိန္မွာ ဒီလိုအျပန္အလွန္ ရိုင္းပင္းမႈ ေလးေတြဟာ ခ်စ္စရာပါ။ အိတုန္ ကလည္း Online Shop ေလး ေထာင္ ထားတဲ့အျပင္ ေနဆန္း တို႔ကလည္း ခ်စ္တီး ထမင္းဆိုင္ ဖြင့္လွစ္ကာ ကိုယ္ပိုင္လုပ္ငန္း အသီးသီးမွာ ေအာင္ျမင္ ေပ်ာ္ရႊင္ ေနခဲ့ၾကပါတယ္။

တန္ဖိုးရွိတဲ့ လက္ေဆာင္ေလးအတြက္ ” ကိုေနဆန္း မေခ်ာစု တို႔ရဲ့လက္ေဆာင္ ေလး အရမ္းႀကိဳက္တယ္ ခ်စ္မႀကီးရယ္ အရမ္းလည္း ေက်းဇူးတင္ပါတယ္။ခ်စ္မႀကီးရယ္ ပစၥည္းေတြ လည္းအားေပး လက္ေဆာင္ေတြ လည္းျပန္ေပးလိုက္လို႔ ေက်းဇူးပါ ခ်စ္မႀကီး နယူးခ်စ္တီး ထမင္းဆိုင္ႀကီးလည္း ဒီထက္မကေအာင္ျမင္ၿပီး အတိုက္အခိုက္ေတြ ကင္းေဝးပါေစခ်စ္မေရ ဒါေလးေတြလည္း ခ်စ္မဆီ အားေပးလို႔ ရတယ္ေလ လွတာမွအရမ္းပဲ ” ဆိုၿပီး အိတုန္က ေက်းဇူးတင္ စကားေျပာခဲ့ပါတယ္။

Happy – Cele Zone
Photo – Ei Tone

UNICODE

အနုပညာသမား တွေဟာ ပရိသတ်တွေကို ဖျော်ဖြေရသလို အချင်းချင်း ကိုလည်း ရိုင်းပင်း ကူညီပြီး စည်းလုံးကြသူတွေပါ။ ဇာတ်ပို့ သရုပ်ဆောင် အချင်းချင်းဖြစ်ကြတဲ့ နေဆန်း နဲ့ အိအိတုန်တို့ဟာလည်း ခင်မင် ရင်းနှီးကြသူတွေ ဖြစ်ပြီး တစ်ယောက် နဲ့ တစ်ယောက်လည်း မိသားစုတွေလို နေကြသူ တွေပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ အိတုန် ရဲ့ ကုန်ပစ္စည်း တွေကို အားပေး တဲ့အပြင် တန်ဖိုးကြီးလက်စွပ် တစ်ကွင်းပါ လက်ဆောင် ထပ်ပေးခဲ့တဲ့ နေဆန်းတို့ ဇနီး မောင်နှံကို အိတုန်က ကျေးဇူးတင် စကားဆိုခဲ့ပါတယ်။

အရင်လို အလုပ်တွေ အများကြီးမလုပ် ရတော့တဲ့အခါ တစ်ဝမ်း တစ်ခါးအတွက် ကြိုးစား ရုန်းကန် နေရတဲ့ အချိန်မှာ ဒီလိုအပြန်အလှန် ရိုင်းပင်းမှု လေးတွေဟာ ချစ်စရာပါ။ အိတုန် ကလည်း Online Shop လေး ထောင် ထားတဲ့အပြင် နေဆန်း တို့ကလည်း ချစ်တီး ထမင်းဆိုင် ဖွင့်လှစ်ကာ ကိုယ်ပိုင်လုပ်ငန်း အသီးသီးမှာ အောင်မြင် ပျော်ရွှင် နေခဲ့ကြပါတယ်။

တန်ဖိုးရှိတဲ့ လက်ဆောင်လေးအတွက် ” ကိုနေဆန်း မချောစု တို့ရဲ့လက်ဆောင် လေး အရမ်းကြိုက်တယ် ချစ်မကြီးရယ် အရမ်းလည်း ကျေးဇူးတင်ပါတယ်။ချစ်မကြီးရယ် ပစ္စည်းတွေ လည်းအားပေး လက်ဆောင်တွေ လည်းပြန်ပေးလိုက်လို့ ကျေးဇူးပါ ချစ်မကြီး နယူးချစ်တီး ထမင်းဆိုင်ကြီးလည်း ဒီထက်မကအောင်မြင်ပြီး အတိုက်အခိုက်တွေ ကင်းဝေးပါစေချစ်မရေ ဒါလေးတွေလည်း ချစ်မဆီ အားပေးလို့ ရတယ်လေ လှတာမှအရမ်းပဲ ” ဆိုပြီး အိတုန်က ကျေးဇူးတင် စကားပြောခဲ့ပါတယ်။

Happy – Cele Zone
Photo – Ei Tone