ပရိသတ်ကြီးရေ စိုပြေမြင့်ကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲ မှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ စိုပြေမြင့် ကတော့ ဒီနေ့မှာ “ဒေါင်းယာဉ်ပျံဘုံနဘေးစားရေးလို့ ထားချင်တယ်” ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးလေးကို ပြန်လည်သီဆိုခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကတော့ လတ်တလောမှာ ထုတ်လွှင့်ပြသနေစဲဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက် နဲ့ထပ်တူကြကာ ပရိသတ်တွေ အချိန်ပေးစောင့်ကြည့်နေခဲ့ကြရတဲ့ ဇာတ်လမ်းကွဲလေးတစ်တွဲဖြစ်နေခဲ့ပါတယ်။ ဇာတ်ဝင် တေးလေးကိုလည်း တော်တော်များများက “Cover” လေးတွေပြန်လည်သီဆိုနေခဲ့ကြတဲ့ အထိလည်း ဇာတ်ဝင်တေးလေးက အစပေါက်နေခဲ့တာပဲဖြစ်ပါတယ်။

စိုပြေမြင့်ကတော့ သူငယ်ချင်းဖြစ်သူ ကျော်ထက်ဇော်က Cover ပြန်လည် သီဆိုခဲ့တာကို သဘောကျ နှစ်သက်တာကြောင့် သူလည်း အခုလို ပြန်လည်သီဆိုဖြစ်ခဲ့တာပါတဲ့။ ပရိသတ်ကြီးရေ စိုပြေမြင့်ကတော့ မထင်မှတ် ထားလောက်အောင် အဆိုမှာလည်း ပါရမီပါပြီး အသံလည်းကောင်းလှပါတယ်နော်။

Source – S & T Friendzone
Credit – CeleZone

zawgyi



Source – S & T Friendzone
Credit – CeleZone