Source: Sane’s fb
unicode
နိုင်ငံကျော် Social Influencer၊ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ နေခြည်ဦး ကတော့ သူမရဲ့ ကြိုးစားမှုကြောင့် အချိန်ခဏလေးအတွင်းမှာတည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှု ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြင် သွက်လက် ချက်ချာတဲ့ နေခြည်ဦးကတော့ သူမရဲ့ ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချ ပြထားသလို ဘာတစ်ခုကိုမှလည်း ဖုံးကွယ်ထား ခြင်းမရှိသူတစ်ယောက် ဖြစ်ပါတယ်။လက်ရှိမှာတော့ နေခြည်ဦးက အွန်လိုင်းကနေ Live Sale တချို့ပြုလုပ်ပေးနေတဲ့ နေခြည်ဦးက အလုပ်တွေ ကိုလည်း လုပ်ကိုင်နေသလို မိသားစုအတွက်လည်း အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ (၃၁) ရက်နေ့မှာတော့ နေခြည်ဦးက သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ လက်ဝတ်ရတနာ ဆိုင်တစ်ခုအတွက် Live Sale ပြုလုပ်ပေးခဲ့ရာ နေခြည်ဦးရဲ့ညီမ စိမ်းလဲ့ကလည်း အစ်မဖြစ်သူကို Support ပေးခဲ့တာကို တွေ့ရပါတယ်။ စိမ်းလဲ့ ရတနာက သူမကိုယ်တိုင်စုဆောင်းထားတဲ့ မုန့်ဖိုးလေးတွေနဲ့ အစ်မဖြစ်သူနေခြည်ဦးရဲ့ Live Sale မှာ ဆွဲသီးလေးဝယ်ယူအားပေးပြီး Support လုပ်ပေးခဲ့တာကြောင့် မြင်ရတဲ့ ပရိသတ်တွေက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးကလည်း ညီမလေးအတွက် အစစ အရာရာ ပံ့ပိုးကူညီပေးနေသလို စိမ်းလဲ့ ကလည်း သူမတတ်နိုင်သလောက် အင်အားလေးနဲ့ အစ်မကို ပြန်ပြီး Support ပေးတာ တကယ့်ကို ချစ်စရာပါပဲ။ ပရိသတ်ကြီးလည်း နေခြည်ဦး နဲ့ စိမ်းလဲ့တို့ ညီအစ်မ နှစ်ယောက်ရဲ့ သံယောဇဉ်ကို ကြည့့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ် ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Sane’s fb
Bilie – Cele Connections