


Swelsone News

unicode

ဇာတ်မင်းသားဖိုးချစ် ကတော့ ပရိသတ်တွေကိုဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိ လူအများကကြိုက်နှစ်သက်အားပေးနေကြဆဲဖြစ်ကာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင် နေတာဖြစ်ပါတယ်။ စကားကိုချိုသာစွာနဲ့အေးဆေးစွာပြောဆိုတတ်သူတစ်ယောက်ဖြစ်ပြီး စည်းကမ်းလည်းအလွန်ရှိတဲ့ ဖိုးချစ်ကတော့ အောက်ခြေဘဝ ကစတင်ကြိုးစားခဲ့သူမို့ ပရိသတ်တွေစံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဖိုးချစ်ကတော့ မိဘနှစ်ပါးအပြင် မွေးစားမိဘတွေ ရဲ့ သွန်သင်ဆုံးမမှုကြောင့် ယနေ့အချိန်မှာ အောင်မြင်လျက် ရှိနေပြီဖြစ်တဲ့ ဇာတ်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ အမေများ နေ့လေးပဲဖြစ်ပြီး အနုပညာရှင်တွေ ကိုယ်စီက အမေများနေ့မှာ မိခင်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုပြောပြနေကြပါတယ်။ ဖိုးချစ်ရဲ့မိခင်ဖြစ်သူကတော့ သူလူမှန်းသိတတ် အရွယ်တည်းက ရောဂါနဲ့ဆုံးပါးသွားခဲ့တာပဲဖြစ်ပြီး မိခင်ကို မပြုစုနိုင်ခဲ့လို့ နောင်တကြီးစွာရနေခဲ့ပါတယ်။

ဖိုးချစ်ကတော့ ဆင်းရဲပင်ပန်းစွာနဲ့ ကွယ်လွန်သွားခဲ့ ရရှာတဲ့မိခင်ရဲ့နောက်ဆုံးအချိန်လေးကိုပြောပြရင်း မျက်ရည်မဆည် နိုင်တော့ဘဲ ငိုကြွေးနေခဲ့ပါတယ်။ အသက်ရှင်ရှိနေကြတဲ့ မိခင်ဖြစ်သူကိုစောင့်ရှောက် ကြဖို့ ပရိသတ်တွေကို ပြောရင်း မျက်ရည်တွေကျနေတဲ့ဖိုးချစ်ရဲ့ဗီဒီယိုဖိုင်လေးဟာ ကြည့်မိသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဇာတ်မင်းသားချောလေးဖိုးချစ်ရဲ့ အဆိုပါဗီဒီယိုဖိုင် လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

Swelsone News