



crd-khit yoe yar

UNICODE

တိုင်ရွန် ကတော့ ဖေဖော်ဝါရီလ ထဲက စတင် ခဲ့တဲ့ ဒီလူထု လှုပ်ရှားမှု ကြမှာ စိတ်ရော ကိုယ်ပါ နှစ်ပြီး အဓိက ပါဝင်နေတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် အားလုံးက လေးစား နေကြတာပါ။သူကိုယ်တိုင် လည်း လမ်းမပေါ် ထွက်ကာ လှုပ်ရှားမှု တွေမှာ နည်းမျိုးစုံ နဲ့ ပါဝင်ခဲ့သလို ပြည်သူ တွေကို ရှေ့တန်း ကနေ နေကာ ဖြိုခွင်း သမျှကို ကာကွယ် ခုခံပေးခဲ့ တာလည်း တွေ့ရ ပါတယ်။

ဒါ့အပြင် ပုံစံ မျိုးစုံ နဲ့ လုပ်ဆောင် နေတဲ့ ဒီလူထု လှုပ်ရှားမှု တွေကိုလည်း နိုင်ငံ တကာက လူတွေ ပိုမို သတိထား မိနိုင်အောင် ကြိုးစား နေတာလည်း ဖြစ်
ပါတယ်။တိုင်ရွန် အနေ နဲ့ လူထု ဆန္ဒ ထုတ်ဖော်မှု တွေမှာ အင်တိုက် အားတိုက် ပါဝင်ခဲ့ သလို လှုပ်ရှားမှု ပြုလုပ်ရာမှာ လည်း လိုအပ်တဲ့ အကာအကွယ် ပစ္စည်းတွေကို လှူဒါန်းခဲ့ တာလည်း တွေ့ရပါတယ်။

အခုလည်း ဒီလိုကာလမှာ စားဝတ် နေရေး အခက်အခဲ ဖြစ်နေတဲ့ နယ်က ပြည်သူတွေကို ဆန် ၊ ဆီနဲ့ အလှူ ငွေများ သွားရောက် လှူဒါန်း ဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ ” ကျွန်နော် ပျောက်နေတယ် ဟုတ်ပါတယ် လိုင်းမရလို့ပါ အများကြီးဗျာ အများကြီး အဆင်မပြေ ကြဘူး ဒီကာလ မှာ တချို့
ဆန်ပြုတ် သောက်နေရသူ တွေတောင် ရှိတယ် ဆက်ပြီး တောင့်ခံ ပေးကြလို့ လဲ ကျေးဇူးတင်တယ်။

ဖြစ်နိုင် ရင် အကုန် ကျွန်နော် အမြဲ လှူနေချင်တယ် ဗျာ ဒါပေမယ့် နိုင်သလောက် လေးနဲ့ ပါဘဲ “ဆိုတဲ့ စာလေးကို ရေးသား ဝေမျှထားရာ ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့အလှူ လေးကို သာဓု ခေါ်နိုင် စေရန် ပြန်လည် မျှဝေပေးရင်း ပြည်သူ အားလုံး ဘေးအန္တရာယ် ကင်ရှင်းပြီး အေးချမ်း ကြပါစေ ဆုတောင်း ပေးလိုက်ပါတယ်။

crd-khit yoe yar