အဆိုေတာ္ ေရဗကၠာဝင္း ကေတာ့ လက္ရွိ အေျခအေန ေတြမွာ ျပည္သူ ပရိသတ္ေတြ နဲ႔ အတူ ရပ္တည္ ေနသူ ပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရး တိုက္ပြဲ ႀကီးမွာ ရရာေနရာ ကေနတတ္နိုင္ သေလာက္ ပါဝင္ အားျဖည့္ေန ၾကတဲ့ ျပည္သူေတြ အားလုံး နဲ႔ အတူ ေရဗကၠာဝင္း ကလည္း အလႉေလး ေတြ နဲ႔ တစ္တပ္ တစ္အား ပါဝင္ေနတာပါ။

ေတာ္လွန္ေရး စတင္ ထဲက ေန႔စဥ္ တိုင္းလိုလို ကိုယ္တိုင္ အစားအေသာက္ေတြ ခ်က္ျပဳတ္ ကာ လမ္းမေပၚ ကျပည္သူေတြ ကို လိုက္ေဝ ငွခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ဆႏၵ ထုတ္ေဖာ္ မႈမွာပါဝင္ ၾကသူ ေတြနဲ႔ ညဘက္ ပတ္ဝန္းက်င္ လုံျခဳံေရး အတြက္ ကင္းေစာင့္ ၾကတဲ့ သူရဲေကာင္းေတြ အတြက္လည္း လိုအပ္တဲ့ အကာ အကြယ္ ပစၥည္းမ်ား လည္း လႉဒါန္း ပါဝင္ခဲ့ ပါတယ္။

အခုလည္း အေျခအေန ေတြ မတည္ၿငိမ္ ေနေသးခ်ိန္မွာ အခက္အခဲ ေတြနဲ႔မျပည့္မ စုံ ရင္ဆိုင္ေန ရ ရွာတဲ့ အိမ္ေထာင္စု ေတြကို လိုအပ္တာမ်ား လႉဒါန္းခဲ့ ျပန္ပါတယ္။အိမ္ေထာင္စု (၁၀၀) စာ ဆန္ ၊ ဆီနဲ႔ အျခားလို အပ္တဲ့ အစားအေသာက္ ပစၥည္းမ်ားကို မိတ္ေဆြေတြ နဲ႔ စုေပါင္းကာ လႉဒါန္း ျဖစ္ခဲ့ေၾကာင္း အလႉပုံေလးေတြကိုေဝမၽွထားရာ ပရိသတ္ႀကီးလည္း သာဓု ေခၚနိုင္ ေစရန္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

credit– Cele Zone
Photo – Rebecca Win

UNICODE

အဆိုတော် ရေဗက္ကာဝင်း ကတော့ လက်ရှိ အခြေအနေ တွေမှာ ပြည်သူ ပရိသတ်တွေ နဲ့ အတူ ရပ်တည် နေသူ ပဲ ဖြစ်ပါတယ်။တော်လှန်ရေး တိုက်ပွဲ ကြီးမှာ ရရာနေရာ ကနေတတ်နိုင် သလောက် ပါဝင် အားဖြည့်နေ ကြတဲ့ ပြည်သူတွေ အားလုံး နဲ့ အတူ ရေဗက္ကာဝင်း ကလည်း အလှူလေး တွေ နဲ့ တစ်တပ် တစ်အား ပါဝင်နေတာပါ။

တော်လှန်ရေး စတင် ထဲက နေ့စဉ် တိုင်းလိုလို ကိုယ်တိုင် အစားအသောက်တွေ ချက်ပြုတ် ကာ လမ်းမပေါ် ကပြည်သူတွေ ကို လိုက်ဝေ ငှခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဆန္ဒ ထုတ်ဖော် မှုမှာပါဝင် ကြသူ တွေနဲ့ ညဘက် ပတ်ဝန်းကျင် လုံခြုံရေး အတွက် ကင်းစောင့် ကြတဲ့ သူရဲကောင်းတွေ အတွက်လည်း လိုအပ်တဲ့ အကာ အကွယ် ပစ္စည်းများ လည်း လှူဒါန်း ပါဝင်ခဲ့ ပါတယ်။

အခုလည်း အခြေအနေ တွေ မတည်ငြိမ် နေသေးချိန်မှာ အခက်အခဲ တွေနဲ့မပြည့်မ စုံ ရင်ဆိုင်နေ ရ ရှာတဲ့ အိမ်ထောင်စု တွေကို လိုအပ်တာများ လှူဒါန်းခဲ့ ပြန်ပါတယ်။အိမ်ထောင်စု (၁၀၀) စာ ဆန် ၊ ဆီနဲ့ အခြားလို အပ်တဲ့ အစားအသောက် ပစ္စည်းများကို မိတ်ဆွေတွေ နဲ့ စုပေါင်းကာ လှူဒါန်း ဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓု ခေါ်နိုင် စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

credit– Cele Zone
Photo – Rebecca Win