ကေလး တစ္ေယာက္လို ဟန္ေဆာင္မႈ ကင္းတဲ့ အျပဳံးေတြကို ပိုင္ဆိုင္ထားတဲ့ ပရိသတ္အခ်စ္ေတာ္ Jay Baas ကေတာ့ ယခုမွာ Music Video ေလးေတြရိုက္ကူးေနၿပီး အႏုပညာ လမ္းကို ဆက္ေလၽွာက္ေနတာပဲျဖစ္ပါတယ္။ ခ်စ္စရာ ေကာင္းတဲ့ အမူအရာေတြ နဲ႔ စကားေျပာဆို ဟန္ေတြေၾကာင့္ ပရိသတ္ေတြ အခ်စ္ပို ေနၾကတာ ဆိုရင္လည္း မမွားပါဘူး။ ယခုတေလာ မွာလည္း မိန္းကေလး ပရိသတ္ေတြ အသည္းယား ေစေလာက္တဲ့ Music Video ေတြေၾကာင့္ ပရိသတ္ေတြ စိတ္ဝင္စားမႈ ရရွိကာ အားေပး ေထာက္ခံမႈကို အျပည့္ အဝရရွိထားတာပဲျဖစ္ပါတယ္။

Jay Baas ရဲ့ ျဖဴစင္ရိုးသားၿပီး ဆူးရွတဲ့ အၾကည့္ေတြက ပရိသတ္ ေတြကို အခ်စ္ ပိုေစသလို ၾကည္လင္ ေအးျမတဲ့ မ်က္ႏွာ အမူအရာေၾကာင့္ လည္း ျမင္သူတိုင္းရဲ့ ရင္ထဲ ေအးျမေစမွာ အမွန္ပဲျဖစ္ပါတယ္။ သူဟာ တက္သစ္စ အႏုပညာရွင္ တစ္ဦး ျဖစ္ေသာ္လည္း ပရိသတ္ေတြ အေပၚ ေစတနာ ေမတၱာေတြ ဘယ္ေလာက္ထားေၾကာင္း သူ သ႐ုပ္ေဆာင္ေသာ ဟန္ပန္အမူအရာကို ၾကည့္ၿပီး သိနိုင္ပါတယ္။ လတ္တေလာ မွာလည္း Jay Bass ကေတာ့ ပရိသတ္ေတြနဲ႔ အဆက္အသြယ္ မပ်က္ေအာင္ အလွဓာတ္ပုံေလး ေတြကို ရိုက္ၿပီး ေဖာ္ျပေလ့ရွိပါေသးတယ္။

ယခုမွာလည္း Jay Baas ဟာ ျဖဴစင္ရိုးသားတဲ့ အျပဳံးေတြနဲ႔ စြဲေဆာင္မႈရွိရွိ ရိုက္ထားတဲ့ ပုံေလးေတြ ကို သူ႔ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာ “အလြမ္းနဲ႔ထပ္တူက်တဲ့ ငါ့ရဲ့ေန႔မ်ား မင္းေရာ ကိုယ့္လိုလြမ္းေနေသးလား” ဆိုတဲ့ေခါင္းစဥ္တပ္ၿပီး ေဖာ္ၿပ လာတာပဲျဖစ္ပါတယ္။ ဒီပုံေလးေတြထဲမွာ Jay Baas တစ္ေယာက္ အသည္းယားစရာ ေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ ေကာင္းေနတာပဲ ျဖစ္ပါတယ္။ အဝတ္အစား ကိုလည္း စတိုင္က်က် ဝတ္ဆင္ ထားၿပီး ကင္မရာေလး ကိုင္ကာ သဘာ၀ တရားႀကီး လိုက္ရိုက္ေနတဲ့ ပုံေလးေတြကို ပရိသတ္ေတြ အတြက္ ျပန္လည္ မၽွေဝေပးလိုက္တာပဲျဖစ္ပါတယ္။

Photo Crd – Myat Bhone Naing
သတင္းအရင္းျမစ္: Jay Baas Facebook Page

UNICODE

ကလေး တစ်ယောက်လို ဟန်ဆောင်မှု ကင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် Jay Baas ကတော့ ယခုမှာ Music Video လေးတွေရိုက်ကူးနေပြီး အနုပညာ လမ်းကို ဆက်လျှောက်နေတာပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ အမူအရာတွေ နဲ့ စကားပြောဆို ဟန်တွေကြောင့် ပရိသတ်တွေ အချစ်ပို နေကြတာ ဆိုရင်လည်း မမှားပါဘူး။ ယခုတလော မှာလည်း မိန်းကလေး ပရိသတ်တွေ အသည်းယား စေလောက်တဲ့ Music Video တွေကြောင့် ပရိသတ်တွေ စိတ်ဝင်စားမှု ရရှိကာ အားပေး ထောက်ခံမှုကို အပြည့် အဝရရှိထားတာပဲဖြစ်ပါတယ်။

Jay Baas ရဲ့ ဖြူစင်ရိုးသားပြီး ဆူးရှတဲ့ အကြည့်တွေက ပရိသတ် တွေကို အချစ် ပိုစေသလို ကြည်လင် အေးမြတဲ့ မျက်နှာ အမူအရာကြောင့် လည်း မြင်သူတိုင်းရဲ့ ရင်ထဲ အေးမြစေမှာ အမှန်ပဲဖြစ်ပါတယ်။ သူဟာ တက်သစ်စ အနုပညာရှင် တစ်ဦး ဖြစ်သော်လည်း ပရိသတ်တွေ အပေါ် စေတနာ မေတ္တာတွေ ဘယ်လောက်ထားကြောင်း သူ သရုပ်ဆောင်သော ဟန်ပန်အမူအရာကို ကြည့်ပြီး သိနိုင်ပါတယ်။ လတ်တလော မှာလည်း Jay Bass ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်အောင် အလှဓာတ်ပုံလေး တွေကို ရိုက်ပြီး ဖော်ပြလေ့ရှိပါသေးတယ်။

ယခုမှာလည်း Jay Baas ဟာ ဖြူစင်ရိုးသားတဲ့ အပြုံးတွေနဲ့ စွဲဆောင်မှုရှိရှိ ရိုက်ထားတဲ့ ပုံလေးတွေ ကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ “အလွမ်းနဲ့ထပ်တူကျတဲ့ ငါ့ရဲ့နေ့များ မင်းရော ကိုယ့်လိုလွမ်းနေသေးလား” ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဖော်ပြ လာတာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲမှာ Jay Baas တစ်ယောက် အသည်းယားစရာ ကောင်းလောက်အောင် ချစ်ဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။ အဝတ်အစား ကိုလည်း စတိုင်ကျကျ ဝတ်ဆင် ထားပြီး ကင်မရာလေး ကိုင်ကာ သဘာဝ တရားကြီး လိုက်ရိုက်နေတဲ့ ပုံလေးတွေကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။

Photo Crd – Myat Bhone Naing
သတင်းအရင်းမြစ်: Jay Baas Facebook Page