သရုပ်ဆောင် ပိုင်တံခွန် ကတော့တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က တစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ပုဒ်မ ၅၀၅ က ဖြင့်မတရားအဖမ်းခံလိုက်ရပါတယ်။ပိုင်တံခွန် အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်မိသားစုများနဲ့ပရိတ်သတ်များက စိုးရိမ်ပးပန်နေရပါတယ်နော်။မိခင်ကြီးဖြစ်သူလဲ ပိုင်တံခွန်အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားလာကာ ဆေးရုံတက်ခဲ့ရပါတယ်။ဆေးရုံ ဆင်းပြီဆိုပေမယ့်လဲပိုင်တံခွန်ရဲ့အစ်မဖြစ်သူမေချစ်သွေး ကမိခင်ကြီးရဲကျန်းမာရေးအ​ခြေအနေကိုအခုလိုပြောကြားလာပါတယ်နော်။

မေချစ်သွေးကအိပ်ယာထဲတခါ မှ မလဲဖူးတဲ့အမေလဲတော့လည်းလ နဲ့ ချီကြာသွားတယ်။သူဘာဖြစ်သွားလဲဆိုတာမမှတ်မိ၊စကားလေးနည်းနည်းပြောလာနိုင်တာနဲ့သူ့သားကိုစိတ်ပူတယ်၊ပြီးရင်ဟိုလူ့မေးလိုက်၊ဒီလူ့မေးလိုက်နဲ့စိတ်ပူပြန်တယ်၊မယောင်တတ်တဲ့ သူကကယောင်ကတမ်းတွေပြောတယ်။

ညကထမင်းစားတာကိုမနက်ကစားတာထင်လိုထင်နဲ့ကလေးလိုဖြစ်နေတဲ့ အမေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတာအခါခါ ဆရာဝန်ကလူကောင်းအတိုင်းပြန်ဖြစ်ဖို့မလွယ်ဘူးလို့ ပြောလဲ အရင်လိုဒေါင်ဒေါင်မြည်လို့ လှလှပပေ လးပြန်မြင်ချင်လှပြီဆိုပြီး တော့ဝမ်းနည်းစွာသူမရဲ့FacebookStoryမှာရေးသားဖော်ပြထားပါတယ်။ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါပရိတ်သတ်ကြီးရေ။

crd-original

ZAWGYI




crd-original