ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပြည်သူ အချစ်တော် မင်းသားချောလေး ပိုင်တံခွန် ကတော့ ဒီနေ့မှာ ဆရာတော် ဆရာတော် စန္ဒသူရိယ ထံမှာ မေတ္တာဓာတ်ခံယူခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ ဆရာတော်ထံမှာ သာသနာရေးလိုအပ်တာတွေ အသုံးပြုနိုင်ဖို့ ဝတ္ထူငွေတွေလည်း ကပ်လှူခဲ့ပါသေးတယ်။

ဒါ့အပြင် ဆရာတော်ဆီရောက်တုန်းရောက်ခိုက် ဘေးအန္တရာယ် ကင်းရှင်းပြီး ကံကောင်းစေဖို့ မေတ္တာဓာတ် ခံယူခဲ့တာပဲဖြစ်ပါတယ်။ ဆရာတော်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “သားတပြည့် မောင်ပိုင်တံခွန် ကောင်းမှု့ဒါန။ ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ စည်းစိမ်များ တည်မြဲတိုးတတ်ပါစေ။

မင်္ဂလာအပေါင်းတို့သည်ခညောင်းပါစေသား” ဆိုပြီး လာရောက်မေတ္တာဓာတ်ခံယူခဲ့ကြောင်း မျှဝေထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ပိုင်တံခွန် ကတော့ လူကြီးသူမတွေအပေါ်လည်း သိတတ်တဲ့အပြင် အလှူအတန်း ရက်ရောကာ ဘာသာရေးကိုင်းရှိုင်းလှတဲ့ လူငယ်လေးပါပဲနော်။

Source – Ashin Sanda Suria
Chilli – CeleGabar

ZAWGYI




Chilli – CeleGabar