ျမန္မာျပည္သူ၊ျပည္သားေတြ ကေတာ့ လူသားအခ်င္းခ်င္း သနားညႇာတာ တတ္တဲ့ စိတ္ထားအျပည့္ရွိၾကလို႔ ခက္ခဲေနၾကတဲ့သူေတြကို တတ္နိုင္သေလာက္ ကူညီေဖးမေပးၾကတာ ျဖစ္ပါတယ္။အခုလိုကာလမွာ လက္လုပ္ လက္စားျပည္သူေတြအတြက္ စားဝတ္ေနေရးခက္ခဲၾကလို႔ ေစတနာရွင္ျပည္သူတစ္စုက တတ္နိုင္သေလာက္လႉဒါန္းၾကတာျဖစ္ပါတယ္။တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီၿပီး အခက္အခဲ ေတြကို မၽွေဝခံစားေပးေနၾကတဲ့ ျပည္သူေတြကေတာ့ အရမ္းေလးစားစရာေကာင္းတဲ့ စိတ္ထားေတြကို ပိုင္ဆိုင္ထားၾကတာ ျဖစ္ပါတယ္။

အခုလိုကာလမွာ တခ်ိဳ႕ကေလးငယ္ေလး ေတြဆိုရင္ မိသားစုရဲ့စားဝတ္ေနေရးအတြက္ လမ္းေပၚထြက္ၿပီး ေစ်းေရာင္းေနရတာျဖစ္ပါတယ္။အဲ့လိုေစ်းေရာင္းေနၾကတဲ့ ကေလးေတြကို ေတြ႕ရင္လည္း ျပည္သူတခ်ိဳ႕က အားေပးဝယ္ ယူခဲ့ၾကတာ ျဖစ္ပါတယ္။အခုဆိုရင္လည္း အရမ္းႏြမ္းပါးတဲ့ကေလးေတြက ဆိုင္အျပင္ကေန လွမ္းၾကည့္ေနတာေၾကာင့္ ေစတနာရွင္ျပည္သူတစ္ဦးက အထဲကိုေခၚယူၿပီး ၾကက္ေၾကာ္ေတြမွ ာကာ ေကၽြးေမြးဧည့္ခံခဲ့တာ ျဖစ္ပါတယ္။အခုလိုမ်ိဳး လူတန္းစားမခြဲျခားဘဲ တန္းတူရည္တူဆက္ဆံခဲ့တဲ့ ေစတနာရွင္ျပည္သူတစ္ဦးရဲ့ စိတ္ဓာတ္ကေလးစားစရာေကာင္းပါတယ္။

ကေလးေတြကလည္း အရသာရွိလွ တဲ့ၾကက္ေၾကာ္ေတြကို အားရပါးရစားေသာက္ေနၾကၿပီး သူတို႔ရဲ့မ်က္ႏွာေလးေတြေပၚမွာ အေပ်ာ္ပုံရိပ္ေလးေတြကို ေတြ႕ျမင္ရပါတယ္။ဒီလိုမ်ိဳး ကေလးေတြကအားရပါးရစားၾက တာျမင္ေတာ့ကုသိုလ္ယူရတဲ့ေစတနာရွင္အတြက္လည္း ပီတိျဖစ္စရာ ေကာင္းလွပါတယ္။ႏြမ္းပါးတဲ့ကေလးေလးေတြကိုစာနာစိတ္အျပည့္နဲ႔ သူတို႔စားခ်င္တာေလးေတြ ကိုဝယ္ေကၽြးၿပီး သဒၵါတရားထက္သန္တဲ့ ေစတနာရွင္ရဲ့အလႉေလးကို သာဓုေခၚရင္း ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

unicode

မြန်မာပြည်သူ၊ပြည်သားတွေ ကတော့ လူသားအချင်းချင်း သနားညှာတာ တတ်တဲ့ စိတ်ထားအပြည့်ရှိကြလို့ ခက်ခဲနေကြတဲ့သူတွေကို တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။အခုလိုကာလမှာ လက်လုပ် လက်စားပြည်သူတွေအတွက် စားဝတ်နေရေးခက်ခဲကြလို့ စေတနာရှင်ပြည်သူတစ်စုက တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး အခက်အခဲ တွေကို မျှဝေခံစားပေးနေကြတဲ့ ပြည်သူတွေကတော့ အရမ်းလေးစားစရာကောင်းတဲ့ စိတ်ထားတွေကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

အခုလိုကာလမှာ တချို့ကလေးငယ်လေး တွေဆိုရင် မိသားစုရဲ့စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး စျေးရောင်းနေရတာဖြစ်ပါတယ်။အဲ့လိုစျေးရောင်းနေကြတဲ့ ကလေးတွေကို တွေ့ရင်လည်း ပြည်သူတချို့က အားပေးဝယ် ယူခဲ့ကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း အရမ်းနွမ်းပါးတဲ့ကလေးတွေက ဆိုင်အပြင်ကနေ လှမ်းကြည့်နေတာကြောင့် စေတနာရှင်ပြည်သူတစ်ဦးက အထဲကိုခေါ်ယူပြီး ကြက်ကြော်တွေမှ ာကာ ကျွေးမွေးဧည့်ခံခဲ့တာ ဖြစ်ပါတယ်။အခုလိုမျိုး လူတန်းစားမခွဲခြားဘဲ တန်းတူရည်တူဆက်ဆံခဲ့တဲ့ စေတနာရှင်ပြည်သူတစ်ဦးရဲ့ စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။

ကလေးတွေကလည်း အရသာရှိလှ တဲ့ကြက်ကြော်တွေကို အားရပါးရစားသောက်နေကြပြီး သူတို့ရဲ့မျက်နှာလေးတွေပေါ်မှာ အပျော်ပုံရိပ်လေးတွေကို တွေ့မြင်ရပါတယ်။ဒီလိုမျိုး ကလေးတွေကအားရပါးရစားကြ တာမြင်တော့ကုသိုလ်ယူရတဲ့စေတနာရှင်အတွက်လည်း ပီတိဖြစ်စရာ ကောင်းလှပါတယ်။နွမ်းပါးတဲ့ကလေးလေးတွေကိုစာနာစိတ်အပြည့်နဲ့ သူတို့စားချင်တာလေးတွေ ကိုဝယ်ကျွေးပြီး သဒ္ဒါတရားထက်သန်တဲ့ စေတနာရှင်ရဲ့အလှူလေးကို သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder