


Source: Nay Toe’s fb

UNICODE

နိုင်ငံကျော် မင်းသားချော တွေဖြစ်ကြတဲ့ နေတိုး နဲ့ ထွန်းထွန်းတို့က တော့ ပရိသတ်တွေ ရဲ့ အားပေးမှု ကို အခိုင်အမာရရှိ ထားသလို အကယ်ဒမီ ဆုကြီးတွေကို လက်ဝယ် ပိုင်ဆိုင်ထား ကြတဲ့ ထိပ်တန်း မင်းသားတွေပဲ ဖြစ်ကြပါတယ်။ နေတိုး နဲ့ ထွန်းထွန်းက ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေများစွာ မှာလည်း အတူတူတွဲဖက် သရုပ်ဆောင်ခဲ့ ဖူးကြသလို နှင်းဆီ အဖွဲ့ဝင်တွေလည်း ဖြစ်ကြတာကြောင့် တစ်ယောက် နဲ့ တစ် ယောက် ရင်းနှီး မှုအတိုင်းအတာ က ညီအစ် ကိုအရင်းတွေသဖွယ်ရှိကြတာပဲ ဖြစ်ပါတယ်။ ပရိသတ် တွေကလည်း နှင်းဆီ အဖွဲ့ထဲက လူပျိုကြီး နှစ်ယောက်စလုံး ကို ချစ်ခင်စွာ နဲ့ အားပေးနေကြတာ ဖြစ်ပါတယ်။

ထွန်းထွန်း ကတော့ ပျော်ပျော် နေတတ်ပြီး သူ့ရဲ့ နှင်းဆီအစ်ကို တွေကို အမြဲတမ်း စနောက်တတ်သူတစ်ယောက် ဖြစ်ပြီး ဒီက နေ့မှာလည်း သူ့ရဲ့အစ်ကိုကြီး နေတိုးကို စ နောက်လာတာ ကို တွေ့ရပါတယ်။ ထွန်းထွန်း က ဆံပင်တွေရှည်လာပြီး အလည်ခွဲစတိုင်လ် နဲ့ ပုံစံ ပြောင်းသွားတဲ့ နေတိုး ကို တရုတ်ဟာသဇာတ်ကောင် Stephen Chow နဲ့ နှိုင်းယှဉ်ပြီး “စတီဖင်တိုး” ဆိုပြီး နာမည်ပြောင်လေး ပေးကာ စနောက်ခဲ့တာ ကြောင့် ပရိသတ်တွေခမျာ သဘောကျမဆုံးဖြစ်ခဲ့ရတာပဲ ဖြစ် ပါတယ်။

ထွန်းထွန်း ကတော့ သူ့ရဲ့ အစ်ကိုကြီး နေတိုး ကို ရယ်စရာကောင်း တဲ့ နာမည်လေး ပေးပြီး စနောက် ကျီစယ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုး ကလည်း သူ့ရဲ့ ညီငယ်လေး ထွန်းထွန်းရဲ့ စနောက်မှု ကို စိတ်မဆိုး မယ့်အပြင် သဘောကျ နေမယ်ဆိုတာ အသေအချာပါပဲ။ ဖတ်ရှုပေး ကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie – Cele Connections