



unicode

ပရိသတ်ကြီးရေ…..အဆို တော်တစ်ယောက်အနေ နဲ့ရော ရုပ်ရှင်မင်းသားချော တစ်ယောက် အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုကို ရရှိနေတဲ့မင်းမော်ကွန်းကိုသိကြမယ် ထင်ပါတယ်နော်။ သူဟာ အကယ်ဒမီ မင်းသားချောကြီး ဦးဇင်ဝိုင်းရဲ့ သားတစ်ယောက် လည်းဖြစ်ပြီးတော့ သူကိုယ်တိုင်လည်း အကယ်ဒမီ ထူးချွန်ဆုကြီးကို ရရှိထားတာဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ နှင်းဆီ အဖွဲ့သားတစ်ယောက်လည်းဖြစ်ပြီးတော့ လူရွှင်တော်တစ်ယောက်အနေနဲ့လည်း ပရိသတ်အားပေး ချစ်ခင်တဲ့ သူတစ်ယောက်ပါနော်။

မင်းမော်ကွန်းဟာ သာယာချမ်းမြေ့ဖွယ်မိသားစု ဘဝလေးကို တည်ထောင်ထားတာ လည်းဖြစ်ပြီး ချစ်ရတဲ့ဇနီးချောလေး ရယ်၊သားသမီး ၃ယောက်ရယ်နဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်း လေးဟာလည်း ဖေဖေနဲ့ရုပ်ချင်းအရမ်းဆင်ပြီး သွားသေးသေးလေးတွေနဲ့ ချစ်စရာကလေးလေးပါ။

အခုဆိုရင်လည်း သားဘုန်းလေးဟာ ဆံပင်ရှည် လေးထားချင်တာကြောင့် ဖေဖေနဲ့မေမေက သားလေးအလို လိုက်ပြီး ထားပေးကြတာပါ။ အခုဆိုရင်လည်း ဖေဖေမင်းမော်ကွန်းဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ သားငယ်လေးရဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Kyaw Kyaw Htay Lwin’s Facebook acc