ဟာသဇာတ္႐ုပ္ေတြကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္နိုင္တဲ့ သ႐ုပ္ေဆာင္ ခင္လွိုင္ဟာ လက္ရွိမွာဆိုရင္ အရမ္းကို ရႊင္စရာေကာင္းတဲ့ မိသားစုကမၻာေလး ကိုပိုင္ဆိုင္ထားခဲ့ပါတယ္။ သူဟာ ထူးခၽြန္ တဲ့ဝါရင့္ သ႐ုပ္ေဆာင္တစ္ေယာက္ တစ္ေယာက္တင္သာမကဘဲ ဇာတ္သဘင္ ဘက္မွာလည္း ပရိသတ္ေတြရဲ့အားေပးမႈေတြကိုတစ္ခဲနက္ရရွိထားတဲ့ လူရႊင္ေတာ္ တစ္ေယာက္လည္းျဖစ္ပါေသးတယ္။ ဒါ့အျပင္ အခုေနာက္ပိုင္းေတြမွာသူဟာ ေအာင္ျမင္တဲ့ ႐ုပ္ရွင္ဒါရိုက္တာတစ္ေယာက္အျဖစ္လည္း ပရိသတ္ေတြရဲ့၀န္းရံအားေပးျခင္းကိုလည္း ရရွိထားျပန္ပါတယ္။

ဒါ့အျပင္ တည္ျမဲတဲ့ခ်စ္ျခင္းေတြနဲ႔ပုံေဖာ္ထားၿပီးေပ်ာ္ရႊင္မႈအေပါင္းနဲ႔ ျပည့္စုံတဲ့ ခင္လွိုင္ရဲ့ အိမ္ေထာင္ေရးေလးကိုေတာ့ ပရိသတ္ေတြ အျမဲတမ္းအားက်လို႔ေနခဲ့ရပါတယ္။ အခုအခ်ိန္ထိလည္း လူငယ္စုံ‌တြဲေလးလို မေျပာင္းလဲတဲ့ အခ်စ္ေတြနဲ႔မို႔ ျပႆနာ ႀကီးႀကီးမားမား ျဖစ္တယ္ဆိုတာမ်ိဳးမရွိဘဲ အေပးအယူမၽွမၽွနဲ႔ အိမ္ေထာင္ေရးေလးတစ္ခုကိုတည္ေဆာက္ထားနိုင္ခဲ့ပါတယ္။ ဒီရက္ပိုင္း မွာေတာ့ ခင္လွိုင္ဟာ မိသားစုနဲ႔အတူ ေခ်ာင္းသာကမ္းေျခကို အလုပ္တစ္ဖက္နဲ႔ေရာက္ရွိ‌လို႔ေနခဲ့တာကိုေတြ႕ရပါတယ္။

အခုလည္း ကမ္းေျခက ဇနီးေမာင္ႏွံ ႏွစ္ဦးရဲ့ အမွတ္တရပုံရိပ္ေလးေတြကို တင္ရင္းနဲ႔ ခ်စ္ဇနီးေလးကို စေနာက္လိုက္ ရာကေန ဇနီးျဖစ္သူျပန္ေခၚလိုက္နဲ႔နာမည္ေျပာင္ေလးေၾကာင့္ အသည္းယားၿပီး ခ်စ္ပိုခဲ့ရတဲ့အေၾကာင္း ပရိသတ္ေတြကိုေျပာျပခဲ့တာပါ။ ” ကိုယ္ကသူ႔ကို ခ်စ္စနိုးနဲ႔ မေငြသိမ္းလို႔ေခၚလိုက္တာ….သူကျပန္ေခၚတယ္… ကိုဗိုက္သိမ္းတဲ့ ” ဆိုၿပီးေတာ့ ၾကည္ႏူးဖြယ္ရာ ေလးျပန္ေျပာျပခဲ့တာပဲျဖစ္ပါတယ္။ ကဲ… အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ ခင္လွိုင္တို႔ဇနီးေမာင္နံႏွစ္ေယာက္ ရတုေတြအဆက္ဆက္တိုင္တဲ့အထိေပါင္း‌ဖက္နိုင္ၾကၿပီး အတူတူအိုမင္း နိုင္ၾကပါေစလို႔ ပရိသတ္ေတြနဲ႔ထပ္တူ ဆႏၵျပဳဆုေတာင္းေပးလိုက္ပါတယ္ေနာ္….

Source : Khin Hlaing

unicode

ဟာသဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ခင်လှိုင်ဟာ လက်ရှိမှာဆိုရင် အရမ်းကို ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေး ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ သူဟာ ထူးချွန် တဲ့ဝါရင့် သရုပ်ဆောင်တစ်ယောက် တစ်ယောက်တင်သာမကဘဲ ဇာတ်သဘင် ဘက်မှာလည်း ပရိသတ်တွေရဲ့အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားတဲ့ လူရွှင်တော် တစ်ယောက်လည်းဖြစ်ပါသေးတယ်။ ဒါ့အပြင် အခုနောက်ပိုင်းတွေမှာသူဟာ အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းကိုလည်း ရရှိထားပြန်ပါတယ်။

ဒါ့အပြင် တည်မြဲတဲ့ချစ်ခြင်းတွေနဲ့ပုံဖော်ထားပြီးပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံတဲ့ ခင်လှိုင်ရဲ့ အိမ်ထောင်ရေးလေးကိုတော့ ပရိသတ်တွေ အမြဲတမ်းအားကျလို့နေခဲ့ရပါတယ်။ အခုအချိန်ထိလည်း လူငယ်စုံ‌တွဲလေးလို မပြောင်းလဲတဲ့ အချစ်တွေနဲ့မို့ ပြဿနာ ကြီးကြီးမားမား ဖြစ်တယ်ဆိုတာမျိုးမရှိဘဲ အပေးအယူမျှမျှနဲ့ အိမ်ထောင်ရေးလေးတစ်ခုကိုတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ဒီရက်ပိုင်း မှာတော့ ခင်လှိုင်ဟာ မိသားစုနဲ့အတူ ချောင်းသာကမ်းခြေကို အလုပ်တစ်ဖက်နဲ့ရောက်ရှိ‌လို့နေခဲ့တာကိုတွေ့ရပါတယ်။

လည်း ကမ်းခြေက ဇနီးမောင်နှံ နှစ်ဦးရဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ရင်းနဲ့ ချစ်ဇနီးလေးကို စနောက်လိုက် ရာကနေ ဇနီးဖြစ်သူပြန်ခေါ်လိုက်နဲ့နာမည်ပြောင်လေးကြောင့် အသည်းယားပြီး ချစ်ပိုခဲ့ရတဲ့အကြောင်း ပရိသတ်တွေကိုပြောပြခဲ့တာပါ။ ” ကိုယ်ကသူ့ကို ချစ်စနိုးနဲ့ မငွေသိမ်းလို့ခေါ်လိုက်တာ….သူကပြန်ခေါ်တယ်… ကိုဗိုက်သိမ်းတဲ့ ” ဆိုပြီးတော့ ကြည်နူးဖွယ်ရာ လေးပြန်ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ကဲ… အရမ်းကိုချစ်ဖို့ကောင်းတဲ့ ခင်လှိုင်တို့ဇနီးမောင်နံနှစ်ယောက် ရတုတွေအဆက်ဆက်တိုင်တဲ့အထိပေါင်း‌ဖက်နိုင်ကြပြီး အတူတူအိုမင်း နိုင်ကြပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်….

Source : Khin Hlaing