ပရိသတ်ကြီးရေသရုပ်ဆောင်ဆက်ယွန်းတွယ်တာကတော့ mrtv 4 ရဲ့ ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတာလည်းဖြစ်ပါတယ်။

ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဆက်ယွန်းတွယ်တာ က ကိုနိုင်လင်းရဲ့ အငယ်အနှောင်း မြမိုးသူအဖြစ် သရုပ်ဆောင်ထားတာ လည်းဖြစ်ပါတယ်။ဇာတ်လမ်းတွဲလေးက ပြီးသွားပြီမလို့ ဆက်ယွန်းတွယ်တာ က ဇာတ်လမ်းတွဲထဲက မြမိုးသူဘဲ မုန်းပါ အပြင်မှာတော့ ချစ်ပေးကြပါလို့ပြောလာတာလည်းဖြစ်ပါတယ်။

ဆက်ယွန်းတွယ်တာက အစပိုင်းမှာလည်းအကုန်ကောင်းလာပြီးသား၊ ဒီနေရာလေးမှာ ဒီလိုလွဲသွားလို့ဝေဖန်ကြတာပါ။ ဆက်ယွန်းက အသစ်တစ်ယောက်မို့ ဝေဖန်မှုလေးတွေကို ခံစားပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ပရိသတ်တွေက နိုင်လင်းဆို တဲ့ ကာရိုက်တာကို ခံစားချက်နဲ့ မုန်းနေကြပေမဲ့ ကိုကျော်ထက်ဇော်ရဲ့ အသံလေးက အရမ်းကောင်းတယ်၊ ပရိသတ်တွေကျလည်း သူကပဲဆိုရသေးတယ်ဆိုပြီး မန့်တွေရေး ကြတယ်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Credit

zawgyi




Credit