


Happy – Cele Zone
Photo – Sein Phyo & Yi

UNICODE

ဇိမ်ခံ သင်္ဘောကြီး နဲ့ (၆) ရက်တာ ခရီးထွက်နေကြတဲ့ စိန်စိန် နဲ့ ရီရီ တို့နှစ်ယောက် သား သင်္ဘောပေါ်မှာ အပန်းဖြေ နေတဲ့ပုံရိပ် တွေကို လူမှု ကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အတူတူ ခရီးသွား ကြတဲ့ Vlog ကိုလည်း ဗဟုသုတ ရစေဖို့အတွက် ပြန်လည် တင်ဆက် ပေးဦးမှာပါ။ မကြာခဏ ဆိုသလို ခရီးတွေ အတူတူသွားပြီး Vlog လေးတွေ လုပ်ကာ အတွေ့အကြုံ တွေကို ပြန်လည်မျှ ဝေတတ်ပါသေးတယ်။

သင်္ဘောကြီး နဲ့ ခရီးထွက် ခဲ့တဲ့ ဒုတိယ ရက်မှာလည်း စစ်ကိုင်းတောင် ရိုးမှာကျောက်ချပြီး နောက်ရက် မှာတော့ ပခုက္ကူမှာ ရှု့ခင်းတွေ ငေးခဲ့တဲ့အကြောင်းနဲ့ Cruise ပေါ်မှာတောင် နေရာစုံအောင် မလည်ပတ်ရ သေးတဲ့အကြောင်း ပြောပြခဲ့ ပါသေးတယ်။ မြစ်ထဲမှာ မျောရင်း ဘဘာဝနဲ့ အနီးကပ်ထိတွေ့ခွင့် ရတဲ့ခံစားချက်က တကယ်ကို အမိုက်စားပါပဲ။

နှစ်ယောက်သား အတူကြည်နူးနေ တဲ့ပုံလေးတွေကို ” စိန်စိန် တို့ ပုံရိုက်မယ်ဆို ပေ တိ ပေကပ်နဲ့ မရိုက်ချင်ဘူး တင်တော့မယ်ဆို သူပုံလည်း မပါဘူးဆိုပြီး စိတ်ကကောက် သူပုံပါအောင် မနည်းရှာ ထည့်ပေးလိုက်တယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Sein Phyo & Yi