ကေလး သ႐ုပ္ေဆာင္ေတြ ျဖစ္တဲ့ ဇြဲေဝယံထက္ နဲ႔ ဇြဲေဝယံထူး တို႔ ညီအစ္ကို ႏွစ္ေယာက္ ကေတာ့ ပရိသတ္ေတြ ရဲ့ အားေပးခ်စ္ခင္မႈကို ရရွိ ထားတဲ့ ကေလးသ႐ုပ္ေဆာင္ ႏွစ္ေယာက္ပဲ ျဖစ္ပါတယ္။ အသက္သာ ငယ္ေပမဲ့ အႏုပညာအရည္ အေသြးအျပည့္အဝ ရွိၿပီး က်ရာ ဇာတ္႐ုပ္ကို ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္တာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနရတဲ့ ကေလးေတြ လည္းျဖစ္ပါတယ္။

ဇြဲေဝယံထက္ ဇြဲေဝယံထူး တို႔ ညီအစ္ကိုကေတာ့ လူႀကီး မိဘေတြအေပၚမွာ လ ည္း သိတတ္လိမၼာၿပီး ဘာသာတရား လည္းကိုင္းရွိုင္းကာ အလႉအတန္းေတြကိုလည္း အားတက္သေရာ နဲ႔ ျပဳလုပ္ ေနခဲ့ပါေသးတယ္။ဒီေန႔မွာ လည္း ညီအစ္ကို ႏွစ္ေယာက္က ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ (၈၆)ရပ္ကြက္၊ ပုဏၰမီလမ္းႏွင့္က်န္စစ္သားလမ္းေထာင့္၊ မွန္ကင္း ပရဟိတေက်ာင္းတိုက္ အမွတ္ (၂)မွာရွိတဲ့ မိဘမဲ့ကေလးေတြ အတြက္ မုန႔္ေတြ သြားေရာက္ လႉဒါန္းေပးခဲ့ပါတယ္။

မွန္ကင္း ေက်ာင္းအတြက္ ကိုေတာ့ ဒီလိုအလႉေလး ကို ဇြဲေဝယံထက္ ၊ ဇြဲေဝယံထူးတို႔ ညီအစ္ကိုက လစဥ္ လတိုင္း သြားေရာက္ ျပဳလုပ္ေနခဲ့တာ လို႔ လည္း သိရွိရပါတယ္။ Cele Gabar ပရိသတ္ႀကီးေရ အသက္ငယ္ငယ္ နဲ႔ အလႉအတန္းေတြ ကို အားတက္သေရာ လုပ္ေဆာင္ေနတဲ့ အမႊာညီအစ္ကို ရဲ့ စိတ္ဓာတ္ေလးကေတာ့ တကယ္ကို ခ်ီးက်ဴး ဖြယ္ရာပါပဲေနာ္။

Chilli – CeleGabar
Source – Zwe Waiyan Htet, Zwe Waiyan Htoo

UNICODE

ကလေး သရုပ်ဆောင်တွေ ဖြစ်တဲ့ ဇွဲဝေယံထက် နဲ့ ဇွဲဝေယံထူး တို့ ညီအစ်ကို နှစ်ယောက် ကတော့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို ရရှိ ထားတဲ့ ကလေးသရုပ်ဆောင် နှစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက်သာ ငယ်ပေမဲ့ အနုပညာအရည် အသွေးအပြည့်အဝ ရှိပြီး ကျရာ ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ ကလေးတွေ လည်းဖြစ်ပါတယ်။

ဇွဲဝေယံထက် ဇွဲဝေယံထူး တို့ ညီအစ်ကိုကတော့ လူကြီး မိဘတွေအပေါ်မှာ လ ည်း သိတတ်လိမ္မာပြီး ဘာသာတရား လည်းကိုင်းရှိုင်းကာ အလှူအတန်းတွေကိုလည်း အားတက်သရော နဲ့ ပြုလုပ် နေခဲ့ပါသေးတယ်။ဒီနေ့မှာ လည်း ညီအစ်ကို နှစ်ယောက်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၆)ရပ်ကွက်၊ ပုဏ္ဏမီလမ်းနှင့်ကျန်စစ်သားလမ်းထောင့်၊ မှန်ကင်း ပရဟိတကျောင်းတိုက် အမှတ် (၂)မှာရှိတဲ့ မိဘမဲ့ကလေးတွေ အတွက် မုန့်တွေ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။

မှန်ကင်း ကျောင်းအတွက် ကိုတော့ ဒီလိုအလှူလေး ကို ဇွဲဝေယံထက် ၊ ဇွဲဝေယံထူးတို့ ညီအစ်ကိုက လစဉ် လတိုင်း သွားရောက် ပြုလုပ်နေခဲ့တာ လို့ လည်း သိရှိရပါတယ်။ Cele Gabar ပရိသတ်ကြီးရေ အသက်ငယ်ငယ် နဲ့ အလှူအတန်းတွေ ကို အားတက်သရော လုပ်ဆောင်နေတဲ့ အမွှာညီအစ်ကို ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူး ဖွယ်ရာပါပဲနော်။

Chilli – CeleGabar
Source – Zwe Waiyan Htet, Zwe Waiyan Htoo