ပရိတ်သတ်ကြီး ရေ…ဆက်ဆီ မော်ဒယ်တစ်ဦးအဖြစ် အနုပညာ လမ်းကြောင်းပေါ်မှာ ယနေ့ထိတိုင်ရပ်တည်နေတဲ့ အပြင် အလုပ်ကြိုးစားပြီး စိတ်ထားကောင်းတဲ့ မော်ဒယ် ဇာဇာထက်ဟာဆိုရင် လောကဓံရဲ့ရိုက်ချက်တွေ ကြမ်းကြမ်တွေကို ခံခဲ့ရပေမယ့်လည်း ပြိုလည်းမသွားဘဲ ပိုမိုကြံ့ခိုင်အောင်နေခဲ့တဲ့ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်နော်။ဇာဇာထက်ဟာဆိုရင် သူမချစ်တဲ့ မိသားစုကိုလည်း အကောင်းမွန်ဆုံး ဖြစ်အောင်ထားနိုင်သလို ညီအစ်ကိုမောင်နှမတွေ အပေးမှာလည်း အမကြီးအမိအရာပီသအောင်နေထိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်.။

လက်ရှိမှာဆိုရင်လည်း ဇာဇာထက်က သမ္မာအာဇီဝကျတဲ့ Online Shop လုပ်ငန်တစ်ခုကိုအခြေတကျ လုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်။အစစအရာရာကိုကိုယ်တိုင်ဦးဆောင်ပြီးလုပ်ကိုင်နေရတဲ့ဇာဇာထက်က လောကဓံတွေရဲ့ နှိပ်စက်မှုတွေကြားမှာ အိမ်ထောင်နဲ့လည်းကွဲခဲ့ရပါသေးတယ်နော်။ဒီကနေ့မှာဆိုရင်လည်း အချိန်မတော်ကြီး သူမရဲ့မာန်နေဂျာဖုန်းကို ခေါ်ပြီး ဇာဇာထက် နဲ့ ဖုန်းပြောချင်တယ်ဟုဆိုကာမဖွယ်မရာတွေပြောနေတဲ့ တဏှာရူးတွေကို လှလှပပလေးတုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်နော်..။

“အမှန်တော့ဖေ့ဘွတ်မှာ married ဆိုတာကြီး မတင်ချင်ပါဘူး ဒါပေမဲ့ Facebook profile မှာအလုပ်ကိစ္စအတွက်တင်ထားတဲ့ကျွန်မ မန်နေဂျာဖုန်းကိုအချိန်မတော်ခေါ်ကာ ဇာဇာထက် နှင့် ဖုန်းပြောချင်သည်ဟု အီစီကလီ လုပ်ချင်ပါသည်ဟုဆိုကာ တချို့တာဇံများနှင့်တချို့တဏှာရူးများကြောင့် ကျွန်မ မန်နေဂျာကိုလဲ အားနာရပါသည် ထို့ကြောင့်ကျွန်မမှာ ကြောက်ကြောက် လန့်လန့်နှင့် married တရားဝင်လင်ရှိသော မိန်းမတစ်ယောက်ပါလို့ ပြောင်းရေးရတဲ့အအြေနေဖြစ်ကုန်ပါသည်။ နိုင်ငံရေးလဲအခြေအနေမကောင်းတော့ ကိုယ့်ဘာသာကိုယ်ကြည့်နေကြည့်စား ကြည့်တင်လိုက်ရပါသည်🥺” ဆိုပြီး သူမရဲ့အဖြစ်အပျက်ကိုရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။

Source ; Zar Htet Facebook acc
Credit ; Celebrity Platforms

ZAWGYI



