



UNICODE

ပရိသတ်ကြီး ရေ.. အနုပညာလောက မှာ အောင်မြင် ကျော်ကြား တဲ့ ပြည်သူချစ် အနုပညာရှင် ဆယ်လီ တွေ ရဲ့ မျိုးဆက်သစ် အနုပညာရှင် ရင်သွေးလေး တွေထဲမှာ ဝါရင့်သရုပ်ဆောင် ဦးခင်လှိုင် ရဲ့ သမီးချော လေး သဇင်ထူးမြင့် ကလည်း အပါအဝင်ပါပဲ..။သရုပ်ဆောင် ကောင်းပြီး ချစ်စရာကောင်း တဲ့ ဟန်ပန် လေးတွေနဲ့ ပုရိသ ပရိသတ်တွေ ရဲ့ အသည်းတွေ ကို သိမ်းပိုက် ခြွေယူထားနိုင်ပြီး အနုပညာ အလုပ်တွေကို ဆက်တိုက် လုပ်ဆောင်ကာ ပရိသတ်တွေ ကို အမြဲ အချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်နော်..။

သဲ လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ သူမကတော့ ကြော်ငြာတွေ ဆက်တိုက်ရိုက် ကူးနေရတဲ့အပြင် TV အစီအစဉ်လေး တွေမှာလည်း မြင်တွေ့ နေရပြီး ဇာတ်ကား တွေမှာပါ ပါဝင် သရုပ်ဆောင်နေတာ မို့ ပရိသတ်တွေ ကလည်း သဘောကျ အားပေးနေကြတာ ဖြစ်ပါတယ်နော်..။သူမရဲ့ လှုပ်ရှားမှုလေး တွေကို အမြဲ မျှဝေလေ့ရှိတဲ့ သဲ တစ်ယောက် အခု တစ်ခါမှာလည်း ညအိပ် ဝတ်စုံလေးတွေ ကြော်ငြာ ရိုက်ကူးပေးနေကာ ရိုက်ကွင်းပေါ်က ချစ်စရာကောင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေကို ဗီဒီယိုဖိုင်လေး နဲ့ အတူ ဝေမျှထားပါတယ်နော်..။

ညအိပ်ဝတ်စုံလေး ဝတ်ကာ အိုင်တင် အမျိုးမျိုးနဲ့ ကလေးလေး တစ်ယောက်လို အသည်းယားစရာ ကောင်း‌တဲ့ အမူအရာလေးတွေ နဲ့ သဇင်ထူးမြင့် ရဲ့ ချစ်ဗီဒီယိုလေးကိုတော့ ပရိသတ်တွေ အားလုံးလည်း သဘောကျ အချစ်ပိုနေကြမှာ ပါနော်..။ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ သဲရဲ့ ပရိသတ်တွေ အားလုံးအတွက် ကြော်ငြာရိုက်ကွင်းပေါ် က အမှတ်တရ ဗီဒီယိုဖိုင်လေးကို လည်း အားလုံးအတွက် ပြန်လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်..။

သတင်းအရင်းမြစ်: Thazin Htoo Myint’s Fb Page