ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၂၈)ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ လွည္းတန္း ေက်ာင္းေရွ႕မွတ္တိုင္နားမွာ က်ဆုံးသြားခဲ့တဲ့ သူရဲေကာင္းေလးညီညီကို အားလုံးက အမွတ္ရေနၾကဆဲ ျဖစ္ပါတယ္ ။ ညီညီေအာင္ထက္နိုင္ (ေခၚ) ညီညီကေတာ့ လွိုင္သာယာၿမိဳ႕နယ္ မွာ ေနထိုင္သူျဖစ္ၿပီး အစ္ကိုျဖစ္သူနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ႀကိဳးစားပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။ညီညီက သူ႔ရဲ့အမႊာအစ္ကိုျဖစ္သူ ကိုကိုနဲ႔ လူစုခြဲ သြားတဲ့အခ်ိန္မွာပဲ က်ည္ထိမွန္ၿပီး စာသင္ေက်ာင္းအေရွ႕မွာ လဲက်သြားခဲ့တာ ျဖစ္ပါတယ္ ။ညီညီ့ရဲ့က်ဆုံးမႈနဲ႔ပတ္သက္တဲ့ ပုံရိပ္ေတြ၊ဗီဒီယိုေတြကလည္း လူမႈကြန္ယက္စာမ်က္ႏွာ ေတြထက္မွာ အေတာ္ေလးကို ပ်ံ႕ႏွံ့သြားခဲ့တာ ျဖစ္ပါတယ္ ။

ေစတနာရွင္ေတြကလည္း က်စ္ရစ္ခဲ့တဲ့ ညီညီ့ရဲ့ မိသားစုအတြက္ အလႉေငြေတြေပးအပ္ၿပီး ပါဝင္ကူညီခဲ့ၾကေသးတာ ျဖစ္ပါတယ္ ။ အခုဆိုရင္ေတာ့ ညီညီက်ဆုံးသြားတာ တစ္လျပည့္သြားၿပီျဖစ္တာေၾကာင့္ က်န္ရစ္သူ မိသားစုေတြက ညီညီအပါအဝင္ အသက္ဆုံးရႈံးခဲ့ရတဲ့ ျပည္သူေတြအတြက္ ရည္စူးၿပီး အလႉျပဳေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။

ကိုကိုတို႔မိသားစုက ရဟန္းသံဃာေတြကို ဆြမ္းကပ္ၿပီး ဘုန္းႀကီးေက်ာင္းတစ္ ေက်ာင္းမွာ ေရသန႔္စက္တစ္လုံးကို ညီညီနဲ႔သူရဲေကာင္းေတြအတြက္ ရည္စူးလႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္ ။အလႉမွတ္တမ္းမွာေတာ့ က်ဆုံးသြားတဲ့ ညီညီအပါ အဝင္ အာဇာနည္သူရဲေကာင္းအားလုံးကိုရည္စူး၍ မိသားစုနဲ႔ (၇) ရက္သားသမီး အမ်ားျပည္သူမ်ားေကာင္းမႈဆိုၿပီး ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္ ။ သူရဲေကာင္းေလး ညီညီလည္း ေကာင္းရာမြန္ရာ ဘုံဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

crd-original

unicode

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်း ကျောင်းရှေ့မှတ်တိုင်နားမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးညီညီကို အားလုံးက အမှတ်ရနေကြဆဲ ဖြစ်ပါတယ် ။ ညီညီအောင်ထက်နိုင် (ခေါ်) ညီညီကတော့ လှိုင်သာယာမြို့နယ် မှာ နေထိုင်သူဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ကြိုးစားပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ညီညီက သူ့ရဲ့အမွှာအစ်ကိုဖြစ်သူ ကိုကိုနဲ့ လူစုခွဲ သွားတဲ့အချိန်မှာပဲ ကျည်ထိမှန်ပြီး စာသင်ကျောင်းအရှေ့မှာ လဲကျသွားခဲ့တာ ဖြစ်ပါတယ် ။ညီညီ့ရဲ့ကျဆုံးမှုနဲ့ပတ်သက်တဲ့ ပုံရိပ်တွေ၊ဗီဒီယိုတွေကလည်း လူမှုကွန်ယက်စာမျက်နှာ တွေထက်မှာ အတော်လေးကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။

စေတနာရှင်တွေကလည်း ကျစ်ရစ်ခဲ့တဲ့ ညီညီ့ရဲ့ မိသားစုအတွက် အလှူငွေတွေပေးအပ်ပြီး ပါဝင်ကူညီခဲ့ကြသေးတာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ ညီညီကျဆုံးသွားတာ တစ်လပြည့်သွားပြီဖြစ်တာကြောင့် ကျန်ရစ်သူ မိသားစုတွေက ညီညီအပါအဝင် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး အလှူပြုပေးခဲ့ကြတာ ဖြစ်ပါတယ် ။

ကိုကိုတို့မိသားစုက ရဟန်းသံဃာတွေကို ဆွမ်းကပ်ပြီး ဘုန်းကြီးကျောင်းတစ် ကျောင်းမှာ ရေသန့်စက်တစ်လုံးကို ညီညီနဲ့သူရဲကောင်းတွေအတွက် ရည်စူးလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ် ။အလှူမှတ်တမ်းမှာတော့ ကျဆုံးသွားတဲ့ ညီညီအပါ အဝင် အာဇာနည်သူရဲကောင်းအားလုံးကိုရည်စူး၍ မိသားစုနဲ့ (၇) ရက်သားသမီး အများပြည်သူများကောင်းမှုဆိုပြီး ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ် ။ သူရဲကောင်းလေး ညီညီလည်း ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

crd-original