


Source: Ei Chaw Po’s fb

UNICODE

ခန္ဓာကိုယ် အချိုးအစား အလှအပမှာ တော်ရုံ မင်းသမီးတွေ မယှဉ်နိုင်တဲ့ လုံးကြီး ပေါက်လှကောက်ကြောင်း အလှနဲ့ နာမည်ကြီးတဲ့ မင်းသမီးချော လေး အိချောပိုကတော့ ခန္ဓာကိုယ် အချိုးအစား တင်မကပဲ မျက်နှာလေး ကလည်း အပြစ်ပြောစရာ မလိုအောင် ပြီးပြည့်စုံစွာ လှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိချောပိုကတော့ သရုပ်ဆောင်လည်း ကောင်းမွန်သူ ဖြစ်ပြီး ကျရာ ဇာတ်ရုပ်တွေမှာလည်း သူမ ရဲ့ အလှအပနဲ့ အောင်မြင်မှု အရှိန်အဟုန်တွေ ကိုမေ့ထားပြီး အကောင်းဆုံးသရုပ်ဆောင်တတ် သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိချောပို က ထိပ်တန်းနာမည်ကြီး မင်းသမီးအဖြစ် ရပ်တည်နေ လျက်ရှိတာပဲ ဖြစ်ပါတယ်။

အိချောပို ရဲ့ ညီမလေး အိသီရိချိုမောင် ကလည်း အိချောပိုလိုပဲ ချစ်စရာ ကောင်းပြီး တစ်မျိုး တစ်ဖုံလှ သူလေးမို့ ပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ဖြစ် လို့နေတာပဲ ဖြစ်ပါတယ်။ ဒီက နေ့မှာလည်း အိချောပိုက ခန္ဓာကိုယ်ကောက်ကြောင်းအလှ နဲ့ တင် ရူးခါသွား စေမယ့် သူမတို့ညီအစ်မနှစ်ယောက်ရဲ့ပုံတွေကိုချပြပြီး “အကြီးမလေးလား ? အငယ်မလေးလား ? 😝😝😝” ဆိုပြီး ပရိသတ်တွေ ဖြေရ ခက်မယ့် မေးခွန်းလေး ကို မေးလာတာပဲ ဖြစ်ပါတယ်။

အိချောပို တို့ ညီအစ်မ နှစ်ယောက်ကတော့ ဘယ်သူက ပိုလှတယ် ဘယ်သူက ပိုသာတယ်ဆိုတာမျိုး ဝေခွဲလို့ မရနိုင်အောင် တစ်ယောက် တစ်မျိုး စီလှကြတာ ပရိသတ်ကြီး တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po’s fb
Bilie – Cele Connections