ျပည္သူခ်စ္ အႏုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ ခင္လွိုင္ ကေတာ့ အႏုပညာ ေလာကမွာ ႏွစ္ေပါင္း သုံးဆယ္ နီးပါးေအာင္ျမင္မႈရရွိေနေပမယ့္ အကယ္ဒမီဆုႀကီးနဲ႔ အႀကိမ္ႀကိမ္လြဲေခ်ာ္ေနဆဲ ျဖစ္ပါတယ္။ အကယ္ဒမီ ဆိုတဲ့ ဆုတံဆိပ္ႀကီး နဲ႔ ေဝးကြာေနတဲ့ ခင္လွိုင္ က တစ္နိုင္ငံလုံးက ပရိသတ္ေတြ ရဲ့ ရင္ထဲကေမတၱာနဲ႔ အားေပးမႈကို ရရွိထားသူ တစ္ေယာက္ျဖစ္သလို ခ်စ္စရာေကာင္းတဲ့ မိသားစုေလး ကို ပိုင္ဆိုင္ထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ခင္လွိုင္က သူကိုယ္တိုင္လည္း အႏုပညာေလာက မွာ လၽွမ္းလၽွမ္းေတာက္ ေအာင္ျမင္သလို သူ႔ရဲ့ သားလတ္ ေနရဲ နဲ႔ သမီးငယ္ သဇင္ထူးျမင့္ ကိုလည္း ေအာင္ျမင္တဲ့ လမ္းေၾကာင္းတစ္ခုေပၚေရာက္ေအာင္ ပံ့ပိုးေပးေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ (၃၁) ရက္ေန႔ကေတာ့ ခင္လွိုင္ ရဲ့ အသည္း၊ အသက္ျဖစ္တဲ့ သဇင္ထူးျမင့္ ရဲ့ အသက္ (၂၁) ႏွစ္ ျပည့္ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ခင္လွိုင္ကေတာ့ သမီးငယ္ေလး ေမြးေန႔ မွာ ေမွာ္ဘီၿမိဳ႕ က သူပိုင္ဆိုင္တဲ့ ၿခံက်ယ္ႀကီး ထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆုံးေစခဲ့ ၿပီး ည (၁၂) နာရီတိတိ အခ်ိန္မွာေတာ့ ခင္လွိုင္က သမီးငယ္ကို ေမြးေန႔ Surprise လုပ္ခဲ့ၿပီး သမီးအလိုခ်င္ဆုံး MacBook ႀကီးကို လက္ေဆာင္ေပးခဲ့ပါတယ္။ ပရိသတ္ႀကီး အတြက္ ခင္လွိုင္ တို႔ မိသားစုရဲ့ ေပ်ာ္ရႊင္စရာ အမွတ္တရ ေလးကို မၽွေဝေပးလိုက္ပါတယ္ေနာ္။

ခင္လွိုင္ ကေတာ့ သမီးငယ္ေလး သဇင္ထူးျမင့္ကို သာမကပဲ သားေတြအေပၚမွာလည္း အသက္ထက္ ပိုခ်စ္သူျဖစ္ၿပီး ကေလးေတြ လိုခ်င္တာမွန္သမၽွကို ျဖည့္ဆည္းေပးေနတဲ့ ဖခင္ေကာင္း တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သဇင္ထူးျမင့္ေလး အတြက္ အမွတ္တရေမြးေန႔ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khin Hlaing’s fb
Bilie – Cele Connections

UNICODE

ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ခင်လှိုင် ကတော့ အနုပညာ လောကမှာ နှစ်ပေါင်း သုံးဆယ် နီးပါးအောင်မြင်မှုရရှိနေပေမယ့် အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ်လွဲချော်နေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီ ဆိုတဲ့ ဆုတံဆိပ်ကြီး နဲ့ ဝေးကွာနေတဲ့ ခင်လှိုင် က တစ်နိုင်ငံလုံးက ပရိသတ်တွေ ရဲ့ ရင်ထဲကမေတ္တာနဲ့ အားပေးမှုကို ရရှိထားသူ တစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေး ကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ခင်လှိုင်က သူကိုယ်တိုင်လည်း အနုပညာလောက မှာ လျှမ်းလျှမ်းတောက် အောင်မြင်သလို သူ့ရဲ့ သားလတ် နေရဲ နဲ့ သမီးငယ် သဇင်ထူးမြင့် ကိုလည်း အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင် ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ ခင်လှိုင် ရဲ့ အသည်း၊ အသက်ဖြစ်တဲ့ သဇင်ထူးမြင့် ရဲ့ အသက် (၂၁) နှစ် ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ သမီးငယ်လေး မွေးနေ့ မှာ မှော်ဘီမြို့ က သူပိုင်ဆိုင်တဲ့ ခြံကျယ်ကြီး ထဲမှာ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့ ပြီး ည (၁၂) နာရီတိတိ အချိန်မှာတော့ ခင်လှိုင်က သမီးငယ်ကို မွေးနေ့ Surprise လုပ်ခဲ့ပြီး သမီးအလိုချင်ဆုံး MacBook ကြီးကို လက်ဆောင်ပေးခဲ့ပါတယ်။ ပရိသတ်ကြီး အတွက် ခင်လှိုင် တို့ မိသားစုရဲ့ ပျော်ရွှင်စရာ အမှတ်တရ လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခင်လှိုင် ကတော့ သမီးငယ်လေး သဇင်ထူးမြင့်ကို သာမကပဲ သားတွေအပေါ်မှာလည်း အသက်ထက် ပိုချစ်သူဖြစ်ပြီး ကလေးတွေ လိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးနေတဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်လေး အတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Hlaing’s fb
Bilie – Cele Connections