



UNICODE

မြန်မာနိုင်ငံ ရဲ့ ဖြစ်ပေါ်နေ တဲ့ အခြေအနေ အရပ်ရပ် ကြောင့် အနုပညာရှင် တစ်ချို့လည်း ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ရပ်တည် ကာ လူထု လှုပ်ရှားမှုတွေကို လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်….။ အခုလို တက်ကြွစွာ နဲ့ လူထုလှုပ်ရှားမှုတွေ ကိုလုပ်ဆောင် နေကြတဲ့ အနုပညာရှင် တွေထဲမှာ ဆိုရင် ရေဗက္ကာဝင်းတစ်ယောက် လည်းအပါအဝင်ပဲ ဖြစ်ပါတယ်။

ရေဗက္ကာဝင်း ဟာ လူထု လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ ရက်တည်းက စကာ လှုပ်ရှားမှု တွေမှာ ကိုယ်တိုင် ပါဝင်အားဖြည့်နေ တာလည်းဖြစ်သလို တတ်နိုင်တဲ့ ဘက်ကနေလည်း လှူဒါန်းမှု တွေကို ဆက်တိုက် ပြုလုပ်နေတာကို တွေ့ရပါတယ်။ သူမဟာ ဆက်တိုက် ဆိုသလို လိုအပ်တဲ့ အစားအသောက် တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြီး လှူဒါန်း ပေးနေတာကို လည်း တွေ့ရပါတယ်နော်…..။

အခုဆိုရင် လည်း ရေဗက္ကာဟာ သူမရဲ့ Facebook စာမျက်နှာမှာ “ဒီနေ့ စေတနာရှင် များ ဖြစ်ကြတဲ့ မမြမြအေး မThidar Dwyer မလီလီခိုင် တို့ နဲ့ ပေါင်းပြီး ထောပတ်ထမင်း ကြက်သားဟင်း မရမ်းသီး ငါးပိချက် ပွဲ၂၀၀ စာ ကုသိုလ်ဖြစ် လှူဒါန်း ပါတယ်ရှင်…….” ဆိုပြီးရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်……။

credit: Rabbeca Win’s Facebook acc