လွန်ခဲ့သော နှစ်ပေါင်းများစွာက အောင်မြင် ကျော်ကြားခဲ့တဲ့ မင်းသမီးကြီး တွေဟာ လက်ရှိမှာ အသက်အရွယ် ကြီးရင့် လာခဲ့ပြီး နုစဉ်အခါတုန်းကပုံစံတွေနဲ့ အကွဲပြားကြီး ကွဲပြားသွားခဲ့ပါတယ်။ တစ်ချိန်က ပရိသတ်တွေ ဝက်ဝက် ကွဲ အားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးကြီးတွေ ဖြစ်တဲ့ အကယ်ဒမီ ခင်သန်းနု၊ အကယ်ဒမီချိုပြုံး၊ အကယ်ဒမီ မြတ်မွန်၊ အကယ်ဒမီ မြင့်မြင့်ခိုင်၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီ မြင့်မြင့်ခင်၊ အကယ်ဒမီ ခင်မို့မို့အေး နဲ့ သန်းသန်းစိုးတို့ဟာ လက်ရှိမှာတော့ အသက်အရွယ်တစ်ခုကို ရောက်ရှိပြီး ဇရာရဲ့တရားပြမှုတွေကြောင့် အရင်လိုနုပျိုမှု တွေလျော့ပါးသွားခဲ့ပါပြီ။

ယခင်က Miss တွေ ဖြစ်ကြတဲ့ The first Miss International Myanmar (1961) မင်နီပု၊ The first Miss World Myanmar (1960) မစိန်အေး၊ The first Miss Universe Myanmar (1959) သန်းသန်းအေးနဲ့ Miss Universe Myanmar (1960) မြင့်မြင့်မေ တို့ဟာလည်း လက်ရှိမှာတော့ အသက်အရွယ်တစ်ခုမှာ တည်ငြိမ်ပြီး ယခင်က အောင်မြင်ခဲ့တဲ့ အမှတ်တရ ကောင်းတွေကြားမှာ တည်ငြိမ်အေးချမ်းနေခဲ့ပါပြီ။ သူမတို့ငယ်ရွယ်စဉ်တုန်းက ပိုင်ဆိုင်ခဲ့တဲ့အလှတရားတွေဟာ အချိန်တွေ ကြာပြီး အသက်အရွယ်ကြီး ရင့်လာတဲ့အချိန်မှာတော့ ကျက်သရေရှိတဲ့ အမျိုးသမီးကြီးတွေ အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ လှတဲ့သူတွေဖြစ်ခဲ့တာကြောင့် အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း သူမတို့ရဲ့အလှတရားတွေကတော့ သိပ်အများကြီး ပြောင်းလဲမသွားခဲ့ပါဘူး။

သိပ်လှခဲ့တဲ့မင်းသမီးတွေနဲ့ Miss တွေဟာလည်း လက်ရှိမှာတော့ တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိတဲ့ အမျိုးသမီးကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ တစ်ချိန်က လှပခဲ့တဲ့ သူမတို့ရဲ့အတိတ်နေ့ရက်တွေဟာလည်း ယနေ့အချိန်ထိ အမှတ်ထင်ထင် ရှိနေဆဲပါပဲ။ အားလုံးရဲ့အချစ်တွေကို အပြည့်အဝရခဲ့သူတွေမို့ ဘယ်လိုရုပ်ဆင်းသွင်ပြင်ပြောင်းလဲသွားပါစေ ချစ်နေမယ့်သူတွေက ချစ်နေဦးမှာပါပဲ။ လောကမှာအရေးအကြီးဆုံးဟာ အပြင်ပန်းရုပ်ရည်အသွင်အပြင်တွေမဟုတ်ဘဲ အတွင်းစိတ်ရဲ့လှပမှုပါပဲ။

Credit: Burmese Pageant Trend’s FB Acc

ZAWGYI



