ပရိသတ်ကြီးရေ ဘုန်းဆက်သွင်ဟာ ဆိုရင် MRTV-4 ဇာတ်လမ်းတွဲကနေ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကို များစွာရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှ ာလည်း ပြည်သူတွေနဲ့ အတူ တစ်သားတည်းရပ်တည်နေသူ တစ်ယောက်ဖြစ်ပါတယ်။ဘုန်းဆက်သွင်ဟာ လူထု လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ ရက်တည်းက စကာယနေ့ အချိန်ထိ အားကြိုးမာန်တက် ပါဝင်နေတဲ့ သူဖြစ်ပြီး ၅၀၅(က)နဲ့လည်း အမှုဖွင့်ခံထားရသူပါ။

အခက်အခဲတွေကြုံတွေနေရမေယ့်လည်း ပြည်သူတွေနဲ့အတူတတ်နိုင် တဲ့ဘက်က ရပ်တည်နေတာကို လေးစားဖွယ်တွေ့မြင်ရပါတယ်နော်။ယခုလည်း ပျော်ရွှင်ရမယ့်လမ်းဆုံးတစ်ခုကို ရောက်ရှိတော့မှာမို့ပြည်သူတွေ ကို အားမလျှော့ပဲ ဆက်လက် လျှောက်လှမ်းဖို့ အားပေးစကားလေးတစ်ခုကို သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားတင်ပြထားတာကို တွေ့ရပါတယ်။

ဘုန်းဆက်သွင်က”ပျော်ချင်လို့ပါဗျာ ဒီလမ်းကို အတူတူစခဲ့ ကြပီးပီဘဲ လက်တွေကို မြဲအောင်တွဲပီး အဆုံးထိ လျှောက်ကြရအောင်ဗျာ ခင်ဗျား မလျှောက်နိုင်တော့ရင် ခင်ဗျားကို ကျွန်တော့်ကျောပေါ်တင်ပီး ဆက်လျှောက်မယ် ကျွန်တော် မလျှောက်နိုင် တော့ရင် ကျွန်တော့်ကို ခင်ဗျား ကျောပေါ်တင်ပီး ခေါ်သွားပေးပါတစ်ခုထဲသော ပန်းတိုင်က ရောက်တော့မှာ မို့အောင်ပွဲ ရောက်ရင် အဲဒီလက်ကို ဘဲတွဲပီးပျော်ချင် လို့ပါဗျာ……”ဆိုပြီးရေးသားတင်ပြထား ပါတယ်နော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူ းတင်ရှိပါတယ်။

Source:PhoneSett Thwin’s fb

Credit ; (Pay Phu Hlwar)

ZAW GYI





Credit ; (Pay Phu Hlwar)