ပရိသတ်ကြီးရေ ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဒေါ်ထိပ်တင်ထား ကတော့ ဒီနေ့ သြဂုတ်လ ( ၂၆ )ရက်နေ့မှာ ဆုံးပါးကွယ်လွန် သွားတယ်လို့ ကြားသိရပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင် တာကြောင့် နှစ်တော်တော်ကြာကြာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ တွေ့မြင်ခဲ့ရတဲ့ ဝါရင့် သရုပ်ဆောင်တစ်ယောက်ပါ။

ဒေါ်ထိပ်တင်ထား ကတော့ အမေများအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး အနုပညာရှင်တွေက လေးစားချစ်ခင်ရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အိတုံကလည်း ဒေါ်ထိပ်တင်ထား ကွယ်လွန်သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ “အမေထားကောင်းရာဘုံဘဝရောက်ပါစေ”လို့ သူ့ ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းနည်းစွာနဲ့ဖော်ပြထားခဲ့ပါသေးတယ်။

ဒေါ်ထိပ်တင်ထား ဆုံးပါးကွယ်လွန်သွားတဲ့ သတင်းလေးလေးကြောင့် ကလည်း သူရဲ့မိသားစုနဲ့ ထပ်တူနှမြောတသ ဝမ်းနည်းကြေကွဲရပြီး အမေထားတစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေ အတွက်လည်း ဒီသတင်းလေးကို စိတ်မကောင်းဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Ei Tone

ZAWGYI




Source – Ei Tone