အဆိုတော် ရဲရင့်အောင် ကတော့ လူမှုကွန်ယက်တွင် အချိန်အတော်ကြာ ပျောက်နေတဲ့အတွက် ပရိသတ်များက စိတ်ပူနေကြတာ ဖြစ်ပါတယ်။ စိတ်ပူနေတဲ့ ပရိသတ်များ အတွက် မကြာသေးခင် နာရီပိုင်းလောက်က ရဲရင့်အောင်ရဲ့ Facebook အကောင့်တွင် ပြိုလဲခဲ့စဉ် အချိန်ကာလတုန်းက ဖြတ်သန်းနေထိုင်ခဲ့ရတဲ့ အခြေအနေမှန်တွေကို ဖွင့်ဟ လာတာ ဖြစ်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့ သုံးလလောက်က တစ်စစီဖြစ်သွားတဲ့ အခြေအနေ တွေကို တစ်ခုချင်းအဆင်ပြေအောင်လုပ်ပြီး နေထိုင် လာခဲ့ရကြောင် ရေးသားပြောပြလာပါတယ်။

သင်္ကန်းဝတ်ထား ပေမယ့်လည်း လူကိစ္စပြသနာပေါင်းများစွာကို ဖြေရှင်းခဲ့ရပြီး တစ်ခါမှ မလုပ်ဖူးတဲ့ အရာများနဲ့ လုပ်မယ်လို့ စိတ်ကူးမယဉ်ဖူးတဲ့ အရာတွေအကုန်လုံးကိုလည်း စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့ကြောင်းကို လည်း ပြောပြထားပါတယ်။ ဒါ့အပြင် အဆိုးဆုံးတွေထဲက အကောင်းဆုံးဖြစ်နိုင်မယ့် အခြေအနေတစ်ခု မရောက်ခင်အထိ သည်းခံ နေထိုင်ခဲ့ကြောင်းကိုလည်း ဖွင့်ဟရေးသားလာပါတယ်။

လက်ရှိ သူ့ရဲ့ ပုံစံဟာ အဆိုးဆုံးတွေ ထဲကနေ ရုန်းထွက်ပြီး အကောင်းဆုံး နေထိုင်ခြင်း ဖြစ်ပြီး ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုလည်း အခါ ခွင့်သင့်တဲ့အခါ ပြန်လည်ပြောပြချင် သေးကြောင်းကိုလည်း ရေးသားထားပါတယ်။ပရိသတ်တွေကလည်း ဒီအချိန်မှာ စိတ်ဓာတ်မကျဖို့နဲ့ အစစအရာရာ ဂရုစိုက်ဖို့ comment များ ရေးသားပြီးအားပေးစကားများ ပြောထားကြပါသေးတယ်။ ရဲရင့်အောင်တစ်ယောက် ခံစားနေရတာတွေ အားလုံး အမြန်ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Crd-Yair Yint Aung

ZAWGYI

အဆိုေတာ္ ရဲရင့္ေအာင္ ကေတာ့ လူမႈကြန္ယက္တြင္ အခ်ိန္အေတာ္ၾကာ ေပ်ာက္ေနတဲ့အတြက္ ပရိသတ္မ်ားက စိတ္ပူေနၾကတာ ျဖစ္ပါတယ္။ စိတ္ပူေနတဲ့ ပရိသတ္မ်ား အတြက္ မၾကာေသးခင္ နာရီပိုင္းေလာက္က ရဲရင့္ေအာင္ရဲ့ Facebook အေကာင့္တြင္ ၿပိဳလဲခဲ့စဥ္ အခ်ိန္ကာလတုန္းက ျဖတ္သန္းေနထိုင္ခဲ့ရတဲ့ အေျခအေနမွန္ေတြကို ဖြင့္ဟ လာတာ ျဖစ္ပါတယ္။ သူကေတာ့ ၿပီးခဲ့တဲ့ သုံးလေလာက္က တစ္စစီျဖစ္သြားတဲ့ အေျခအေန ေတြကို တစ္ခုခ်င္းအဆင္ေျပေအာင္လုပ္ၿပီး ေနထိုင္ လာခဲ့ရေၾကာင္ ေရးသားေျပာျပလာပါတယ္။

သကၤန္းဝတ္ထား ေပမယ့္လည္း လူကိစၥျပသနာေပါင္းမ်ားစြာကို ေျဖရွင္းခဲ့ရၿပီး တစ္ခါမွ မလုပ္ဖူးတဲ့ အရာမ်ားနဲ႔ လုပ္မယ္လို႔ စိတ္ကူးမယဥ္ဖူးတဲ့ အရာေတြအကုန္လုံးကိုလည္း စိတ္ပါလက္ပါ လုပ္ေဆာင္ခဲ့ေၾကာင္းကို လည္း ေျပာျပထားပါတယ္။ ဒါ့အျပင္ အဆိုးဆုံးေတြထဲက အေကာင္းဆုံးျဖစ္နိုင္မယ့္ အေျခအေနတစ္ခု မေရာက္ခင္အထိ သည္းခံ ေနထိုင္ခဲ့ေၾကာင္းကိုလည္း ဖြင့္ဟေရးသားလာပါတယ္။

လက္ရွိ သူ႔ရဲ့ ပုံစံဟာ အဆိုးဆုံးေတြ ထဲကေန ႐ုန္းထြက္ၿပီး အေကာင္းဆုံး ေနထိုင္ျခင္း ျဖစ္ၿပီး ၾကဳံေတြ႕ခဲ့ရတဲ့အျဖစ္အပ်က္ေတြကိုလည္း အခါ ခြင့္သင့္တဲ့အခါ ျပန္လည္ေျပာျပခ်င္ ေသးေၾကာင္းကိုလည္း ေရးသားထားပါတယ္။ပရိသတ္ေတြကလည္း ဒီအခ်ိန္မွာ စိတ္ဓာတ္မက်ဖို႔နဲ႔ အစစအရာရာ ဂ႐ုစိုက္ဖို႔ comment မ်ား ေရးသားၿပီးအားေပးစကားမ်ား ေျပာထားၾကပါေသးတယ္။ ရဲရင့္ေအာင္တစ္ေယာက္ ခံစားေနရတာေတြ အားလုံး အျမန္ေျဖရွင္းနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Crd-Yair Yint Aung