


Yuan – Cele Zone
Photo – Htet Htet Moe Oo

UNICODE

အကယ်ဒမီထက်ထက်မိုးဦး ကတော့ ကြော်ငြာလောက ရဲ့ဘုရင်မ လို့ ပရိသတ်တွေ ရဲ့ တင်စားခြင်းကို ခံထားရသူ တစ်ဦးပါ ။ သူမကတော့ ငယ်စဉ် ကတည်းက ဘဝ အချိုးအကွေ့များ စွာကို ဖြတ်သန်း လာရပြီး မိန်းမသား ပေမယ့် ဘဝကို အရှုံးမပေးပဲ ကြိုးစား ရင်ဆိုင်ခဲ့သူ တစ်ယောက်ပါ ။ထက်ထက် က အခုခေတ်မှာလည်း ပြန်လည် အောင်မြင်နေတာ ဖြစ်ပြီး ပရိသတ်တွေ ရဲ့ အချစ်ကို ထာဝစဉ် ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

ခုဆိုရင် ထက်ထက်မိုးဦး ဟာ အနုပညာလုပ်ကိုင်မှု တွေနည်းသွားခဲ့ပေမယ့် ကျောက်မျက် ရတနာတွေအပြင် ကားတွေ အိမ်ယာ တွေ အသုံးအဆောင် ပစ္စည်းတွေကိုပါ( Live sales ) လုပ်ပြီးရောင်းချနေတာ ဖြစ်သလို ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုကို အပြည့်အဝရ ရှိနေတာလည်းဖြစ်ပါတယ်နော် ။သူမရဲ့ Live တွေမှာလည်း ပရိသတ် များစွာက အမြဲ စောင့်ကြည့်အားပေးနေကြတာ အံ့မခမ်းပါပဲနော် ။

အခုလည်း vivo ရဲ့ live sales လေးမှာ တစ်မိနစ်ခွဲ စီတိုင်း ဖုန်းတစ်လုံး ရောင်းထွက်ခဲ့တာကြောင့် အရမ်းကို အံ့ဩ ပီတိ ဖြစ်မိကြောင်း သူရဲ့ စာမျက်နှာလေးမှာ ခုလိုဖော်ပြခဲ့ပါတယ် ။” မနေ့က live မှာ ၁ မိနစ်ခွဲ တိုင်း မှာဖုန်း ၁ လုံးရောင်းရတယ်။ Vivo ဘက်ကလည်း ပါကင်တွေ စထုတ်နေပြီမို့ မကြာခင်ချစ်ရသူတွေ လက်ထဲရောက်လာတော့မယ်နော်။” မထက် ရဲ့ စန်း ကတော့ ဘာလုပ်လုပ် အောင်မြင်နေတာ တကယ်ကို အံ့မခမ်းပါပဲနော် ။

Yuan – Cele Zone
Photo – Htet Htet Moe Oo