



UNICODE

မင်းသမီးချောလေး ရွှေသမီး ကတော့ မျက်လုံးလှလှလေး နဲ့ ချစ်စရာ အပြုံးလေးတွေ ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက် ပဲဖြစ်ပါတယ်။သူမကတော့ ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူး ထားပြီး အနုပညာ လောကမှာ အောင်မြင်မှု တွေကို အခုချိန်ထိ သရဖူ ဆောင်းထား နိုင်တဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။သရုပ်ဆောင် ပိုင်းတွင်လည်း ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ လုပ်ဆောင် နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ဝန်းရံမှုကို ခံနေရတာ ဖြစ်ပါ တယ်နော်……။

ရွှေဟာ ချစ်စရာ ကောင်းတဲ့ အပြုံးချိုချို လေးတွေနဲ့ ပရိသတ် တွေကို ဖမ်းစားနိုင် တဲ့သူလေး ဖြစ်ပါတယ်။သူမဟာ ဖက်ရှင်ပိုင်း တွင်လည်း အလန်းစား ဖက်ရှင်တွေနဲ့လည်း လိုက်ဖက် သလို မြန်မာဆန်ဆန် နဲ့လည်း ကျက်သရေ ရှိနေပြန်တဲ့ မင်းသမီး ချောလေး ဖြစ်တ​ာ ကြောင့် မိန်းကလေး အချင်းချင်းတောင် ကြွေနေရတာ ပဲဖြစ်ပါတယ်။ဒါ့အပြင် ကျစ်လျစ် သွယ်လျတဲ့ ဘော်ဒီလေးအပြင် စိုပြေဝင်းပတဲ့ အသား အရည်လေးကြောင့် ပုရိသ ပရိသတ် တွေရဲ့ အသည်းစွဲနေလေး ဖြစ်လို့နေပြန် ပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် အမြဲ တင်ပေးလေ့ရှိတာ ဖြစ်ပြီး အားလပ်ချိန် တွေမှာလည်း ပျော်စရာ Tik Tok လေးတွေကို ဆော့ကစားတတ်ကာ ပရိသတ် တွေကို အလွမ်း ပြေအောင် မျှဝေလေ့ ရှိသူလေး ဖြစ်ပါတယ်။လတ်တလော မှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “တီပေါက်ရဲ့ ဆန်းသစ် သော ထိုင်မသိမ်း မြင်နေကျ မဟုတ်သော ဆံထုံးလေးနဲ့ တည်ငြိမ်သူ ဖြစ်နေသော ကျွန်မ”ဆိုပြီး အဆိုပါစာသားလေး နဲ့ အတူ လှပတဲ့ ပုံရိပ်လေး တွေကို ဖော်ပြပေး လာတာ ဖြစ်ပါတယ်။ချစ်ပရိသတ် တွေကလည်း ရွှေကို ကြည့်ရှု အားပေးမယ် လို့ မျှော်လင့်ရင်း ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Shwe Tha Mee FB Account