လူငယ္ေတြကေတာ့ ေဖေဖာ္ဝါရီ လကတည္းက စတင္ခဲ့တဲ့ လူထုလႈပ္ရွားမႈပြဲေတြမွာ ယေန႔အခ်ိန္ အထိတိုင္ေအာင္ ဇြဲမေလၽွာ့ဘဲ အားႀကိဳးမာန္တက္ ပါဝင္ေနဆဲ ျဖစ္ပါတယ္ ။ လူငယ္ေတြက ဆႏၵေဖာ္ထုတ္ရင္းနဲ႔ နိုင္ငံတကာရဲ့ စိတ္ဝင္စားမႈရရွိေအာင္ ႀကိဳးစားခဲ့ၾကသလို ျပည္သူ ေတြကိုလည္း ေရွ႕ဆုံးကေန ကာကြယ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။ အခုလည္း လူငယ္ေတြက တကယ့္ကို ေလးစားခ်င္ စရာေကာင္းတဲ့ အျပဳအမူတစ္ခု ကို လုပ္ျပခဲ့ၾကတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ရက္ပိုင္းက မရမ္းကုန္းရပ္ကြက္အတြင္းမွာ လူငယ္ေတြဦးေဆာင္ ၿပီး တစ္လမ္းဝင္တစ္လမ္းထြက္ကာ ျပည္သူေတြကို ေတာင္းဆိုမႈျပဳလုပ္ ခဲ့ၾကတာ ျဖစ္ပါတယ္ ။ လူငယ္ေတြက “လူထုလႈပ္ရွားမႈမွာ အားလုံးပါဝင္ေပးဖို႔၊ ညတိုင္း သံပုံးတီးေပးဖို႔၊ တညီတညြတ္တည္း လႈပ္ရွားေပးဖို႔ ၊ လူငယ္ေတြကို ေႏြးေထြးစြာ ေဖးမေပးဖို႔၊တတ္နိုင္တဲ့ေနရာက ကူညီေပးဖို႔နဲ႔ မွားရင္ ဆူပါ ဆဲပါ လမ္းျပေပးပါ”ဆိုၿပီး လူႀကီးေတြကို ဒူးေထာက္ကာ ေတာင္းဆို ခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

လမ္းတိုင္း လမ္းတိုင္းမွာ (၁၀) မိနစ္ၾကာေအာင္ ဒူးေထာက္ရင္းနဲ႔ မ်က္ရည္က် ေနၾကတဲ့ လူငယ္ေတြရဲ့လုပ္ရပ္ကို လူႀကီးေတြလည္း မၾကည့္ရက္ေတာ့ဘဲ ေဖးမကူညီလာၾကတာ ျဖစ္ပါတယ္ ။ ၿငိမ္က်သြားတဲ့ လူတိုင္းနီးပါးက လူငယ္ေတြနဲ႔ အတူ ျပန္လည္ပူးေပါင္းပါ ဝင္လာၾကၿပီး အစားအေသာက္၊ေရ၊တစ္သၽွဴးကအစ လိုေလေသးမရွိ ေကၽြးေမြးခဲ့ၾကတာ ျဖစ္ပါတယ္ ။ အိုင္ဒီယာ အသစ္ေတြကို အျမဲတမ္းစဥ္းစားေတြး ေခၚၿပီး အေကာင္အထည္ေဖာ္တတ္တဲ့ လူငယ္ေတြကေတာ့ တကယ့္ကို ခ်ီးက်ဴးစရာေကာင္းလွတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Layeik Lay’s FB Acc

unicode

လူငယ်တွေကတော့ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာ ယနေ့အချိန်အထိတိုင်အောင် ဇွဲမလျှော့ဘဲ အားကြိုးမာန်တက် ပါဝင်နေဆဲ ဖြစ်ပါတယ် ။ လူငယ်တွေက ဆန္ဒဖော်ထုတ်ရင်းနဲ့ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုရရှိအောင် ကြိုးစားခဲ့ကြသလို ပြည်သူတွေကိုလည်း ရှေ့ဆုံးကနေ ကာကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း လူငယ်တွေက တကယ့်ကို လေးစားချင်စရာကောင်းတဲ့ အပြုအမူတစ်ခုကို လုပ်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက မရမ်းကုန်းရပ်ကွက်အတွင်းမှာ လူငယ်တွေဦးဆောင်ပြီး တစ်လမ်းဝင်တစ်လမ်းထွက်ကာ ပြည်သူတွေကို တောင်းဆိုမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်တွေက “လူထုလှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးဖို့၊ ညတိုင်း သံပုံးတီးပေးဖို့၊ တညီတညွတ်တည်း လှုပ်ရှားပေးဖို့၊ လူငယ်တွေကို နွေးထွေးစွာ ဖေးမပေးဖို့၊တတ်နိုင်တဲ့နေရာက ကူညီပေးဖို့နဲ့ မှားရင်ဆူပါ ဆဲပါ လမ်းပြပေးပါ”ဆိုပြီး လူကြီးတွေကို ဒူးထောက်ကာ တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။

လမ်းတိုင်းလမ်းတိုင်းမှာ (၁၀) မိနစ်ကြာအောင် ဒူးထောက်ရင်းနဲ့ မျက်ရည်ကျနေကြတဲ့ လူငယ်တွေရဲ့လုပ်ရပ်ကို လူကြီးတွေလည်း မကြည့်ရက်တော့ဘဲ ဖေးမကူညီလာကြတာ ဖြစ်ပါတယ် ။ ငြိမ်ကျသွားတဲ့ လူတိုင်းနီးပါးက လူငယ်တွေနဲ့အတူ ပြန်လည်ပူးပေါင်းပါဝင်လာကြပြီး အစားအသောက်၊ရေ၊တစ်သျှူးကအစ လိုလေသေးမရှိ ကျွေးမွေးခဲ့ကြတာ ဖြစ်ပါတယ် ။ အိုင်ဒီယာအသစ်တွေကို အမြဲတမ်းစဥ်းစားတွေးခေါ်ပြီး အကောင်အထည်ဖော်တတ်တဲ့ လူငယ်တွေကတော့ တကယ့်ကို ချီးကျူးစရာကောင်းလှတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Layeik Lay’s FB Acc