



UNICODE

ပရိသတ်ကြီးရေ.. မမြတ်လေး လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူ ကတော့ ချစ်စရာ ကောင်းပြီး ပွင့်လင်းတဲ့ ဟန်ပန် အပြော အဆိုလေး တွေ နဲ့ ဟန်ဆောင် မှု ကင်းတဲ့ နေထိုင်ပုံလေးတွေ ကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူလေးပါ။ ဒါ့ပြင် သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင် မှုရှိတဲ့ ပါးချိုင့်လေး ဟာလည်း ပရိသတ်ရင်ကို ထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။

အေးမြတ်သူ ဟာ အခုချိန်ထိလည်း အရွယ်တင် နုပျိုနေဆဲဖြစ်ပြီး သူမရဲ့အလှတရားတွေ ဟာဆိုရင်လည်း ဆယ်ကျော်သက်တွေ အရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူ ဟာ အသက် (၃၀) ကျော်လို့ထင်ရက်စရာ မရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော ၊ အသားအရည်တွေ ပါ လှပနေတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူ ဟာ ကျန်းမာရေး လိုက်စားတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပြီးတော့ အခုလက်ရှိမှာ ဆိုရင်လည်း workout လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အေးမြတ်သူ ဟာ workout လေ့ကျင့်ခန်းတွေ ကို အမြဲလို လိုကြိုးစားလုပ်နေတာ ဖြစ်ပြီးတော့ ပရိသတ်တွေကိုလည်း သူမ ရဲ့ ဗီဒီယိုလေးတွေကို အမြဲတင်ပေးလေ့ရှိသူပါ။ အခုဆိုရင် လည်း သူမရဲ့ Facebook my day လေးမှာ ဘော်ဒီလှပဖို့အတွက် အသေအချာ လေ့ကျင့်နေတဲ့ ဗီဒီယိုလေး ကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Aye Myat Thu’s Facebook page