ပရိသတ္ေတြ ခ်စ္ခင္အားေပးၾကတဲ့ ႏွင္းဆီ အဖြဲ႕ကိုေတာ့နာမည္ႀကီး အႏုပညာရွင္ ေတြျဖစ္ၾကတဲ့ မင္းေမာ္ကြန္း ၊ေနတိုး၊ေက်ာ္ေက်ာ္ဗိုလ္၊ ထြန္းထြန္း၊ ရဲေလး၊ ေမကဗ်ာနဲ႔မိုးယုစံ၊ ဖူးစုံႏွင့္မိုးျပည့္ျပည့္ေမာင္ တို႔ျဖင့္ ဖြဲ႕ စည္းထားၾကတာပါ။ သူတို႔အဖြဲ႕ေလး ဟာ ဆယ္စုႏွစ္ေက်ာ္ တိုင္ေအာင္ အားလုံးရယ္ေမာေပ်ာ္ရႊင္နိုင္ေအာင္ အၿငိမ့္ေဖ်ာ္ေျဖပြဲေတြ တစ္ႏွစ္တစ္ခါ က်င္းပျပဳလုပ္ ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ႏွင္းဆီရင္ခြင္လူမႈကူညီေရး အသင္းကိုလည္းတည္ေထာင္ထားၾကၿပီးလိုအပ္တဲ့ေနရာမ်ားကို လိုက္လံလႉဒါန္းေပးခဲ့ၾကတာပါ။ႏွင္းဆီမိသားစုေလး ဟာတစ္ဦးအေပၚတစ္ဦး ေမာင္ႏွမအရင္းသဖြယ္ ေဖးမကူညီေစာင့္ေရွာက္ေပးေနတာလည္း ျဖစ္ပါတယ္။အလုပ္မအား ၾကသူမ်ား ျဖစ္ေပမယ့္လည္းတစ္လတစ္ခါပုံမွန္ဆုံေနၾကျဖစ္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနအရပ္ရပ္ ေၾကာင့္တစ္ေယာက္တစ္ ေနရာစီ ေဝးကြာေနတာေၾကာင့္အရင္လိုမဆုံျဖစ္ၾကေတာ့တာပါ။

မၾကာေသးခင္ နာရီပိုင္းေလာက္က ဒါရိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာ တြင္ မဆုံ ျဖစ္တာ ၾကာၿပီ ျဖစ္ေသာ ႏွင္း ဆီအဖြဲ႕သား အႏၲရာယ္ကင္း၊ ေဘးကင္းျဖစ္ပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သထားတာပါ။”ခါတိုင္းဆိုအလုပ္ကိုယ္စီနဲ႔မအားၾကတာ ေတာင္တစ္လ ကိုတစ္ခါေတာ့ ဆုံျဖစ္ၾကတဲ့ ႏွင္းဆီမိသားစုေလးဟာ အခုေတာ့တစ္ေယာက္တစ္ေနရာစီမွာ မဆုံျဖစ္တာ​နဲ႔ အဆင္ေတြေရာေျပၾကရဲ့လား စိတ္ပူရင္း အေဝး ကေနသတိရလြမ္းဆြတ္ ေမတၱာ ပို႔ဆုေတာင္း ေပး ေနပါတယ္

သားတို႔ သမီးတို႔ အႏၲရာယ္ကင္းၾကပါေစ ​​ေရာဂါေဘးကင္းေဝးၾကပါေစ ေပ်ာ္ရႊင္ စြာ အားလုံးျပန္ဆုံ ၾကမယ့္ေန႔အျမန္ဆုံး ေရာက္ပါေစ။ ” ဆိုၿပီး ေရးသားထားတာပါ။ ပရိသတ္ေတြခ်စ္ခင္အားေပးၾကတဲ့ ႏွင္းဆီမိသားစုမ်ားအားလုံး အျမန္ဆုံးျပန္လည္ဆုံဆည္းပါ ေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရရင္း ဒီသတင္းေလးကို တင္ဆက္ ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Maungmyomin Yintwinphit’s Facebook Account

Credit

unicode

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ နှင်းဆီ အဖွဲ့ကိုတော့နာမည်ကြီး အနုပညာရှင် တွေဖြစ်ကြတဲ့ မင်းမော်ကွန်း ၊နေတိုး၊ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ မေကဗျာနဲ့မိုးယုစံ၊ ဖူးစုံနှင့်မိုးပြည့်ပြည့်မောင် တို့ဖြင့် ဖွဲ့ စည်းထားကြတာပါ။ သူတို့အဖွဲ့လေး ဟာ ဆယ်စုနှစ်ကျော် တိုင်အောင် အားလုံးရယ်မောပျော်ရွှင်နိုင်အောင် အငြိမ့်ဖျော်ဖြေပွဲတွေ တစ်နှစ်တစ်ခါ ကျင်းပပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် နှင်းဆီရင်ခွင်လူမှုကူညီရေး အသင်းကိုလည်းတည်ထောင်ထားကြပြီးလိုအပ်တဲ့နေရာများကို လိုက်လံလှူဒါန်းပေးခဲ့ကြတာပါ။နှင်းဆီမိသားစုလေး ဟာတစ်ဦးအပေါ်တစ်ဦး မောင်နှမအရင်းသဖွယ် ဖေးမကူညီစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။အလုပ်မအား ကြသူများ ဖြစ်ပေမယ့်လည်းတစ်လတစ်ခါပုံမှန်ဆုံနေကြဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ် ကြောင့်တစ်ယောက်တစ် နေရာစီ ဝေးကွာနေတာကြောင့်အရင်လိုမဆုံဖြစ်ကြတော့တာပါ။

မကြာသေးခင် နာရီပိုင်းလောက်က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ လူမှုကွန်ယက်စာမျက်နှာ တွင် မဆုံ ဖြစ်တာ ကြာပြီ ဖြစ်သော နှင်း ဆီအဖွဲ့သား အန္တရာယ်ကင်း၊ ဘေးကင်းဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားတာပါ။”ခါတိုင်းဆိုအလုပ်ကိုယ်စီနဲ့မအားကြတာ တောင်တစ်လ ကိုတစ်ခါတော့ ဆုံဖြစ်ကြတဲ့ နှင်းဆီမိသားစုလေးဟာ အခုတော့တစ်ယောက်တစ်နေရာစီမှာ မဆုံဖြစ်တာ​နဲ့ အဆင်တွေရောပြေကြရဲ့လား စိတ်ပူရင်း အဝေး ကနေသတိရလွမ်းဆွတ် မေတ္တာ ပို့ဆုတောင်း ပေး နေပါတယ်

သားတို့ သမီးတို့ အန္တရာယ်ကင်းကြပါစေ ​​ရောဂါဘေးကင်းဝေးကြပါစေ ပျော်ရွှင် စွာ အားလုံးပြန်ဆုံ ကြမယ့်နေ့အမြန်ဆုံး ရောက်ပါစေ။ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ နှင်းဆီမိသားစုများအားလုံး အမြန်ဆုံးပြန်လည်ဆုံဆည်းပါ စေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရရင်း ဒီသတင်းလေးကို တင်ဆက် ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Maungmyomin Yintwinphit’s Facebook Account

Credi