ပရိသတ်ကြီးရေ….သွက်လက် တဲ့အမူအရာလေးတွေနဲ့ အများနဲ့ မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာ တစ်နေရာ ရရှိလာတဲ့ နေခြည်ဦး ကိုသိကြမယ် ထင်ပါတယ်နော်။ သူမဟာ beauty blogger တစ်ယောက် အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံ ရဲ့ဒိတ်ဒိတ်ကြဲ social influencer တစ်ယောက်အနေနဲ့ပါရပ်တည် တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင် နေခြည်ဟာ မင်းသမီးတစ်ယောက်အနေ နဲ့လည်းအနုပညာလမ်းကြောင်း ပေါ်ရောက်ရှိနေ ပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ ၊ဇာတ်လမ်း တွဲတွေထိပါ ‌ရိုက်ကူးလာ နိုင်တဲ့သူဆိုလည်း မမှားပါဘူးနော်။

နေခြည် ဟာ အနုပညာ အလုပ်တွေကိုဆက်တိုက်ဆိုသလိုကြိုးစား နေပြီး photo shooting တွေ ကြော်ငြာ တွေလည်းမပြတ်ရိုက်ကူး နေရတာပါ။ ဒါ့ပြင် နေခြည်ဟာ ကျောက်မျက်ရတနာ Live sales တွေလည်းပြုလုပ်နေတာဖြစ်ပြီး ချိုသာ ပွင့်လင်းတဲ့အပြောအဆိုလေးတွေကြောင့် ပရိသတ်အားပေးမှု လည်းရရှိနေသလို နေခြည်ကိုယ်တိုင် လည်း ကျောက်မျက်တွေ ကိုစိတ်ဝင်တစားနဲ့ ၀ယ်ယူဝတ်ဆင်နေတာ လည်းတွေ့ရပါတယ်နော်။

အခုဆိုရင်လည်း နေခြည်ဦးဟာကျောက်မျက်ရတနာတွေ ၀ယ်ယူဖို့ shopping ထွက်နေတာဖြစ်ပြီး သူမရဲ့ Facebook စာမျက်နှာမှာလည်း “၂၀၂၁ တစ်နှစ်လုံး ကျောက်ကောင်း ကျောက်မြတ်တွေ ပိုင်ဆိုင်အောင် ဒီနေ့ jewelry shopping လေးတစ်ဖြတ် …နေခြည်လေ ကျောက် တွေကို အရမ်းချစ်လာ တာပဲ ခရီးပြန်ထွက်လို့ရတာနဲ့ ကျောက်မျက်သင်တန်းတွေ သွားတက်မယ်။ ၂၀၂၁ မှာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တော့မယ်။သဘောတူလား chillies……” ဆိုပြီး ရေးသားကာ ပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ် တွေအတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: beautybynaychi’s Facebook page

unicode



