



UNICODE

ပရိသတ်ကြီးရေ.. မြန်မာသံစဉ် သီချင်း ကောင်းလေးတွေ နဲ့ တောရော မြို့ပါ မကျန် ပရိသတ် တွေရဲ့တစ်ခဲနက် အားပေးမှု တွေကို မခိုင်အမာ ရရှိ ထားပြီး အောင်မြင်တဲ့ အနုပညာရှင် အဖြစ် ရပ်တည်နေ ကြသူတွေ ထဲမှာ အဆိုတော် မနော ကလည်း အပါအဝင်ပါပဲ..။မနော ကတော့ လက်ရှိ အခြေအနေ တွေမှာ ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ရပ်တည်ကာ လှူဒါန်းမှု တွေကို ပြုလုပ် နေပြီး တတ်နိုင် သလာက် ပါဝင် အားဖြည့်နေတာ လည်း ဖြစ်ပါတယ်..။

တော်လှန် ရေးတိုက်ပွဲ ကြီးမှာ အသက်ပေး ကျဆုံး သွားတဲ့ သူရဲကောင်း ပြည်သူတွေ အတွက် ပြီးခဲ့တဲ့ ရက်တွေက တည်းက လှူဒါန်းမှု တွေ ပြုလုပ်နေပြီး စားဝတ်နေ ရေးခက်ခဲ နေကြတဲ့ ပြည်သူတွေ အတွက်လည်း အလှူတွေ ပြုလုပ် နေတာ တွေ့ရပါတယ်..။လူထု လှုပ်ရှားမှု တွေမှာ ကိုယ်တိုင် ပါဝင်ပြီး ပြည်သူ တွေနဲ့တစ်သားတည်း ရပ်တည်နေတဲ့ မနော ကတော့ နေထိုင်ရာ ရပ်ကွက်ထဲ မှာလည်း တတ်နိုင် သလောက် လှူဒါန်း မှုတွေ ပြုလုပ် နေတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို ထပ်မံမျှဝေ လာပြန်ပါတယ်..။

“ယနေ့ပြု သမျှ ကုသိုလ် ကောင်းမှု တို့ကြောင့် သေဆုံး သွားသော (၇) ရက်သားသမီးများ အားလုံး သာဓု ခေါ်ဆိုနိုင်ပါစေ 🙏ကောင်းရာ သုဂတိလားပါစေ🙏🙏🙏တိုင်းပြည်ကြီး အမြန် အေးချမ်းပါစေ 🙏🙏🙏 မိဘ ပြည်သူများ အားလုံး ကျန်းမာ ချမ်းသာပြီး မိသားစု သာယာ ချမ်းမြေ့ပါစေ🙏🙏🙏..” ဆိုပြီး ဆုတောင်း စကားလေး နဲ့ အတူ အလှူပုံရိပ် လေးတွေကို ဝေ မျှထားတာပါ..။(၇) ရက်သားသမီးတွေ အတွက် နိုင်သလောက် အား နဲ့ လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ပြီး ပြည်သူတွေ နဲ့ အတူ ရပ်တည် နေတဲ့ မနော ရဲ့ အလှူတွေ ကိုလည်း ပရိသတ် တွေက ချီးကျူးစကား တွေလည်း ပြောထား ကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: မနော Manaaw’s Fb Acc